အီသီယိုးပီးယားနိုင်ငံ၌ ဆောက်လုပ်ဆဲအဆောက်အအုံပြိုကျမှုကြောင့် ခုနစ်ဦးသေဆုံး

ဧပြီ ၂၄

အီသီယိုးပီးယားနိုင်ငံ မြို့တော် Addis Ababa တွင် ဆောက်လုပ်ဆဲနေအိမ်တစ်လုံးပြိုကျမှုကြောင့် ခုနစ်ဦးသေဆုံးကြောင်း ဒေသတွင်းမီဒီယာက ယနေ့ဖော်ပြထားသည်။ အဆိုပါဆောက်လုပ်ဆဲအဆောက်အအုံသည် နေအိမ်တစ်လုံးပေါ်သို့ ယမန်နေ့ညပိုင်းက ပြိုကျခဲ့ရာ ခုနစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။ ထိုမတော်တဆမှုသည် မြို့တော် Addis Ababa ရှိ လူနေရပ်ကွက်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို