အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃ ဒသမ ၃၅ သန်းကျော်ရှိလာ

တီဟီရန် ဇူလိုင် ၁

အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၆၆၄ ဦးရှိခြင်းကြောင့် နိုင်ငံ တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၃၃၅၅၇၈၆ ဦးရှိလာကြောင်း အီရန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၁၅၁ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ရောဂါကြောင့်သေဆုံးသူစုစုပေါင်း ၈၅၆၉၄ ဦးရှိလာကြောင်း အီရန်ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။

အီရန်ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ လက်ရှိတွင် အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၃၀၁၀၀၉၀ ရှိကြောင်းနှင့် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ လူနာ ၃၆၀၂ ဦးရှိကြောင်း သိရသည်။ “ အီရန်နိုင်ငံ၌ ပြည်သူ၄၅၉၂၁၃၉ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ယင်းတို့အနက် ၂၁၃၄၆၆၂ ဦးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်စလုံးထိုးနှံခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်