အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များပြားလာတဲ့အတွက် ခရီးသွားလာမှု ကန့်သတ်

၂ နိုဝင်ဘာ

အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူများလာတဲ့အတွက် နိုင်ငံအတွင်း ခရီးသွားလာမှု ကန့်သတ်သွားမယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ တနင်္ဂနွေနေ့က ကြေညာသွားပါတယ်။ 

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်အရ ခရီးသွားကန့်သတ်မှုဟာ တနင်္လာနေ့ နေ့လယ်ပိုင်းကနေ သောကြာနေ့အထိ ဖြစ်ကြောင်း၊ သက်ဆိုင်ရာဒေသ တစ်ခုကနေ တခြားဒေသတစ်ခုသို့ သွားရောက်ခွင့် မပြုကြောင်း၊ ဒေသအခြေခံထားတဲ့ ကားနံပတ်တွေကိုမူတည်ပြီး ဒေသတစ်ခုနဲ့တစ်ခု ဝင်ရောက်သွားလာခွင့်ကို တားမြစ်ထားပေမယ့် အများသုံးယာဉ်တွေကိုတော့ သွားလာခွင့် ပြုထားကြောင်း သိရပါတယ်။ 

ထုတ်ပြန်ထားတဲ့ တားမြစ်ချက်တွေဟာ ပြည်နယ် ၂၅ ခုရဲ့ မြို့တော်တွေမှာ အကျုံးဝင်ကြောင်း၊ အဲဒီတားမြစ်ချက်ဟာ လူဦးရေ ၈ သန်းကျော်နေထိုင်တဲ့ မြို့တော် တီဟီရန်လည်း ပါဝင်ကြောင်း နဲ့ တားမြစ်ချက် မလိုက်နာသူတွေကို ဒဏ်ငွေချမှတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ 

တနင်္ဂနွေနေ့က ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၄၃၄ ဦးအထိ ရှိခဲ့ပါတယ်။ ၂၄ နာရီအတွင်း ပိုးတွေ့ရှိသူဟာ ၇,၇၁၉ ဦးရှိရာ ဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၆၂၀,၄၉၁ ဦး ရှိကြောင်း သိရပါတယ်။ 
အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ ၃၅,၂၉၈ ဦးရှိတဲ့အတွက် အရှေ့အလယ်ပိုင်း ဒေသမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုဒဏ် အခံရဆုံးနိုင်ငံဖြစ်ပါတယ်။ 

MDN
ကိုးကား - AFP