အီရန်နိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်မှု တစ်သန်းကျော်လာချိန်တွင် တူရကီတွင်လည်း ကိုဗစ်-၁၉ ထပ်မံဖြစ်ပွားသူ ၃၂၃၈၁ ဦးရှိ

ကိုင်ရို   ၅  ဒီဇင်ဘာ

အရှေ့အလယ်ပိုင်းဒေသ၏ ကိုဗစ်-၁၉ ကူးစက်မှု အဆိုးဆုံးဒဏ်ကို ခံစားနေရသော အီရန်နိုင်ငံတွင် ဒီဇင်ဘာ ၃ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း တစ်သန်း ကျော်လွန်လာခဲ့ပြီဖြစ်သည်။ တစ်ချိန်တည်းတွင် တူရကီ နိုင်ငံ၌လည်း ဒီဇင်ဘာ ၃ ရက်က ကိုဗစ်-၁၉ ရောဂါလက္ခဏာပြသူ ၆၅၁၁ ဦးအပါအဝင် ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွား သူပေါင်း ၃၂၃၈၁ ဦး ရှိလာကြောင်း သိရသည်။

အနောက်အာရှ၏ လူဦးရေထူထပ်သော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အီရန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ခက်ခဲကြမ်းတမ်းမှုများ ကြုံတွေ့နေရုံ သာမက အမေရိကန်ပြည်ထောင်စု၏ ကန့်သတ်ပိတ်ဆို့မှု များနှင့် ရင်ဆိုင်နေရသည်။

အမေရိကန်ပြည်ထောင်စုသည် တခြားနိုင်ငံများရှိ မိမိတို့ငွေကြေးများကို ကာကွယ်ဆေးထုတ်လုပ်ရာ၌ အသုံးမပြုနိုင်အောင် ပိတ်ဆို့အရေးယူထားကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်ဖ် က မြေထဲ ပင်လယ်ဆွေးနွေးပွဲ(၂၀၂၀)၏အွန်လိုင်းအစည်းအဝေးတွင် ပြောကြားလိုက်သည်။

ပေးချေမှုဆိုင်ရာလမ်းကြောင်းများနှင့် နိုင်ငံခြားရှိ ကိုယ်ပိုင်ဘဏ္ဍာငွေအရင်းအမြစ်များကို အသုံးမချနိုင်ခြင်းက လူဦးရေ ၈၂ သန်းရှိသော အီရန်နိုင်ငံအနေဖြင့် အသက်ရှူ အထောက်အကူပြု ကိရိယာနှင့် ကိုဗစ်-၁၉ စစ်ဆေးရေး ကိရိယာတို့ကဲ့သို့သော အရေးပေါ်ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများအပါအဝင် မည်သည့်ကုန်ပစ္စည်းမဆို တင်သွင်းရာတွင် အခက်အခဲဖြစ်စေကြောင်း သိရသည်။

တူရကီနိုင်ငံသည် နောက်ထပ် အရှေ့အလယ်ပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်မှု စိုးရိမ်ဖွယ် တိုးလာခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဒီဇင်ဘာ ၃ ရက်က နိုင်ငံအတွင်း နောက်ထပ် ကိုဗစ်-၁၉ ကူးစက် သူ ၃၂၃၈၁ ဦးရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်သူ ၅၂၀၁၆၇ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်သည်။

တူရကီနိုင်ငံတွင် ဒီဇင်ဘာ ၃ ရက်က နောက်ထပ် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၈၇ ဦးတိုးလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၁၄၃၁၆ ဦးရှိလာခဲ့ သည်။ ထို့အပြင် ဒီဇင်ဘာ ၃ ရက်က ကိုဗစ်၁၉ ကူးစက်မှု မှ ပြန်လည်ကောင်းမွန်လာသူ ၄၁၉၀ နှင့်အတူ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်လာပြီး ၊ ဆေးရုံမှ ဆင်းသွားသူ ၄၁၈၃၃၁ ဦး ရှိလာခဲ့သည်။

နိုင်ငံအတွင်း အဆုတ်အအေးမိအဆင့် ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်ပေါင်း ၃ ဒသမ ၃ ရာခိုင်နှုန်းနှင့် ကိုဗစ်-၁၉ ရောဂါပြင်းထန်စွာဖြစ်ပွားနေသူပေါင်း ၅၆၁၁ ဦး ရှိသည်။

အီရတ်နိုင်ငံတွင်လည်း ဒီဇင်ဘာ ၃ ရက်က ကိုဗစ်-၁၉ ထပ်မံဖြစ်ပွားသူ ၂၀၃၉ဦးရှိကြောင်း ဖော်ပြမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ဖြစ်ပွားသူပေါင်း ၅၅၈၇၆၇ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ဖော်ပြလိုက်သည်။

ထို့အပြင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ထပ်မံသေဆုံးသူ ၂၁ ဦး ရှိလာကာ စုစုပေါင်း သေဆုံးသူ ၁၂၃၆၁ ဦး ရှိလာပြီး ပြန်လည်ကောင်းမွန်လာသူ ၁၅၅၀ ရှိလာမှုနှင့်အတူ စုစုပေါင်း ဆေးရုံမှဆင်းလာသူ ၄၈၇၈၆၃ ဦး ရှိလာကြောင်း သိရသည်။

ဆင်ဟွာ