အီရန်ဗိုလ်ချုပ်ကြီး ဈာပနအခမ်းအနားတွင် လူအုပ်လိုက်ပြုံတိုးမှုကြောင့်  ၃၂ ဦးသေဆုံး၊ ၁၉၀ ဦး ဒဏ်ရာရ

၈ ဇန်နဝါရီ

 

အီရန်နိုင်ငံတောင်ပိုင်း ကွယ်လွန်သူ အီရန်ဗိုလ်ချုပ်ကြီး ၏ ဈာပနအခမ်းအနားတွင် လူအုပ်လိုက်ပြုံတိုးမှုကြောင့် လူအမြောက်အများသေဆုံးခဲ့သည်ဟု သိရသည်။

 

4

 

ပြီးခဲ့သည့်သောကြာနေ့က အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီ ၏ ဈာပနအခမ်းအနားကို အီရန်နိုင်ငံ ကာမန်မြို့တွင် ယမန်နေ့က ကျင်းပခဲ့သည်။

 

အဆိုပါ ဈာပန်အခမ်းအနားတွင် လူအုပ်ပြုံတိုးမှုကြောင့် ၃၂ ဦး သေဆုံးပြီး ၁၉၀ ဦး ဒဏ်ရာရရှိခဲ့သည်။

 

ထိုဈာပနအခမ်းအနားတွင် ယင်းတော်လှန်ရေး အစောင့်တပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် ဟိုစိန်ဆလာမီ က ၎င်းဗိုလ်ချုပ်ကြီး အသတ်ခံရခြင်းသည် ဒေသတွင်း အမေရိကန်တို့ တည်ရှိမှုကို  အဆုံးသတ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အီရန်နိုင်ငံတွင် အမေရိကန်ဆန့်ကျင်ရေးစိတ်ဓာတ်များ တိုးပွားလာနေပြီး အီရတ်နိုင်ငံ အနေဖြင့် အမေရိကန်တပ်များ အပါအဝင် နိုင်ငံခြားတပ်များ ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။

 

5

 

ထိုဒေသမှ အမေရိကန်တပ်များ ရုပ်သိမ်းခြင်းသည် ယင်းဒေသရှိ အမေရိကန်အခြေစိုက်စခန်းများကို တိုက်ခိုက်ခြင်းထက် ပိုမို ကောင်းမွန်သည် ဟု တော်လှန်ရေး အစောင့်တပ်ဖွဲ့ အဆင့်မြင့် တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို