အီရန် နိုင်ငံမှာ ပိုးတွေ့ရှိသူ ၂၄ နာရီအတွင်း ၄,၀၀၀ ကျော် ရှိလာ

၇ အောက်တိုဘာ

 

အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အင်္ဂါနေ့က ၂၄ နာရီအတွင်း ၄,၀၀၀ ကျော် တွေ့ရှိတဲ့အတွက် တစ်ရက်တည်းနဲ့ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများဆုံးဖြစ်လာကြောင်း သိရပါတယ်။

 

အရှေ့အလယ်ပိုင်းဒေသရဲ့ ဗိုင်းရပ်စ်ပိုးဒဏ်ခံရဆုံး အီရန်နိုင်ငံမှာ ၂၄ နာရီအတွင်း ပိုးတွေ့သူ ၄,၁၅၁ ဦးနဲ့ သေဆုံးသူ ၂၂၇ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူအမျိုးသမီး ဆီမာ  ဆာဒတ် လာရီက ပြောကြားပါတယ်။

 

ဇူလိုင် ၂၈ ရက်နေ့က ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂၃၅ ဦးရှိတဲ့အတွက် ရောဂါပိုးကြောင့် သေဆုံးသူ အများဆုံးဖြစ်ပြီး အင်္ဂါနေ့ရဲ့ သေဆုံးသူ ဟာ ဒုတိယအများဆုံးလို့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

 

အီရန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄၇၉,၈၂၅ ဦးမှ သေဆုံးသူ ၂၇,၄၁၉ ဦးရှိသွားဖြစ်ပါတယ်။ တီဟီရန်မြို့မှာ  ပိုးတွေ့သူ များနေတဲ့အတွက် ပြီးခဲ့တဲ့စနေနေ့ကစပြီး မျက်နှာဖုံးဟာ ဝတ်ကို ဝတ်ဆင်ရမယ့် ပစ္စည်းတစ်ခုအဖြစ် ကြေညာထားပါတယ်။

 

MDN

ကိုးကား - AFP