အီဂျစ်နိုင်ငံ အဝေးပြေးလမ်းမတွင် ယာဉ်မတော်တဆမှုဖြစ်ပွား တရုတ်နိုင်ငံသားနှစ်ဦးသေဆုံး

၁ ဇန်နဝါရီ

 

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ အဝေးပြေးလမ်းမတစ်ခုတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံသားနှစ်ဦး သေဆုံးပြီး အခြားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ရှိ တရုတ်သံရုံးက ယမန်နေ့က ပြောကြားခဲ့သည်။

 

အဆိုပါ ယာဉ်မှာ ကိုင်ရိုမြို့တော်အရှေ့ဘက် အုပ်ချုပ်မှုဆိုင်ရာ မြို့တော်သစ်သို့သွားရာ အီဂျစ်နိုင်ငံမြောက်ပိုင်း မြို့တော်ကိုင်ရို၊ မာအဒီခရိုင် အဝေးပြေးလမ်းမတွင် ည ၈ နာရီ ၃၀ မိနစ် ခန့်က မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တရုတ်သံရုံးက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ဒဏ်ရာရရှိသူများမှာ ဆေးရုံတွင် ကုသမှုခံယူခဲ့ပြီးနောက် ဆေးရုံမှဆင်းပြီဖြစ်ကြောင်း ၎င်းသံရုံးက ဆိုသည်။

 

ကားဘီးပေါက်ခြင်းကြောင့် ယင်းကဲ့သို့ မတော်တဆမှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း နှင့် ထိုယာဉ်မတော်တဆမှု ဖြစ်ပွားလျှင်ဖြစ်ပွားချင်း သံရုံးမှတာဝန်ရှိသူများက ထိခိုက်ဒဏ်ရာရသူများကို အကူအညီများပေးခဲ့ကြောင်း ၎င်းသံရုံးက ထပ်လောင်းပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို