AI နည်းပညာပါဝင်သော တန်ဖိုးသင့် စမတ်ဖုန်းသစ်နှစ်မျိုးဖြစ်သည့် OPPO F7 နှင့် F7 YOUTH ကို မြန်မာနိုင်ငံတွင် မိတ်ဆက်

၃၀ မေ

 

Artificial Intelligence (AI) နည်းပညာပါဝင်သည့် တန်ဖိုးသင့် စမတ်ဖုန်းနှစ်မျိုးဖြစ်သည့် F7 နှင့်  F7 Youth တို့ကို Oppo အမှတ်တံဆိပ်မှ မြန်မာပြည်တွင်း ဈေးကွက်တွင် စတင်မိတ်ဆက်သည့် အခမ်းအနားကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ MELIA  ဟိုတယ်၌ မေ ၃၀ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ ၎င်းစမတ်ဖုန်းနှစ်မျိုးမှာ Oppo  ၏ နောက်ဆုံးထုတ် စမတ်ဖုန်းအမျိုးအစားများဖြစ်ပြီး ယနေ့ခေတ်စားနေသည့် စမတ်ဖုန်းများကဲ့သို့ ကျယ်ပြန့်သည့် မျက်နှာပြင်များနှင့် လုပ်ဆောင်ချက် ကောင်းမွန်သည့် ကင်မရာများ တပ်ဆင်ပါဝင်သည့် စမတ်ဖုန်းများဖြစ်ပြီး AI  နည်းပညာများ ပါဝင်သောကြောင့် ဖုန်း၏ စွမ်းဆောင်ရည် ကောင်းမွန်သော အထောက်အပံ့များ ရရှိနိုင်မည့် စမတ်ဖုန်း အမျိုးအစားများဖြစ်ကြောင်း သိရသည်။

 

Oppo F7  အမျိုးအစား စမတ်ဖုန်းတွင် အရှေ့ဘက် ကင်မရာ 25 MP ပမာဏအထိ ပါဝင်ပြီး Real-Time HDR နည်းပညာလည်း ပါဝင်သောကြောင့် Selfie ဓာတ်ပုံများ ရိုက်ကူးရာတွင် DSLR  ကင်မရာများဖြင့် ရိုက်ကူးထားသကဲ့သို့ ကောင်းမွန်သည့် ပုံထွက်အရည်အသွေးကို ရရှိနိုင်ရုံသာမက အလင်းအမှောင်များကိုလည်း ပတ်ဝန်းကျင် အနေအခြေအနေနှင့် ကိုက်ညီမှုရှိစေရန် စိတ်ကြိုက် ချိန်ညှိနိုင်မည်ဖြစ်သည်။ AI နည်းပညာ၏ ဒုတိယ AI Beauty 2.0  ထည့်သွင်းပေးထားသောကြောင့် အသုံးပြုသူမျက်နှာပေါ်ရှိ Facial Recognition  အမှတ်အသားပေါင်း ၂၉၆ ခုအထိ ဖတ်ယူမှတ်သားထားနိုင်သော အာရုံခံစနစ် ပါဝင်ပြီး ကျား/မ အသားအရောင်နှင့် အသားအရေအမျိုးအစား မတူညီမှုများကို တိကျစွာ ရှာဖွေပြီး ဓာတ်ပုံရိုက်ကူး ပြုပြင်မှုများ ပြုလုပ်နိုင်သည်ဟု သိရသည်။ မျက်နှာပြင်အကျယ် ၆ ဒသမ ၂၃ လက်မနှင့်ပါးလွှာသည့် ဘေးပေါင်များ ပါဝင်ပြီး အသုံးပြုသူများအတွက် အက်ပလီကေးရှင်း အချင်းချင်းကြားတွင် Gesture နည်းပညာ အသုံးပြုကာ လမ်းညွှန်မှုများ ပေးနိုင်သည့် Multitasking  စနစ်ကို ပထမဆုံး ထည့်သွင်းပေးခဲ့သော စမတ်ဖုန်း အမှတ်တံဆိပ်လည်းဖြစ်သည်ဟု သိရသည်။

 

Oppo F7 Youth  စမတ်ဖုန်းအမျိုးအစားတွင် ခြောက်လက်မ မျက်နှာပြင်ကျယ် ပါဝင်ပြီး  RAM 4GB yrmP နှင့် သိုလှောင်သိမ်းဆည်းမှု အတွက် 64 GB  ပါဝင်ကာ ဂိမ်းကစားခြင်း၊ ရုပ်သံများ ကြည့်ရှုခြင်းများအတွက် ကောင်းမွန်သော Full HD  မျက်နှာပြင် နည်းပညာကို ထည့်သွင်းပေးထားပြီး ၁၅ နာရီအထိ ဆက်တိုက်အသုံးပြုနိုင်သော 3410 mAh  ပါဝင်သည့် ဘက်ထရီက ိုထည့်သွင်းတပ်ဆင်ပေးထားကြောင်း သိရသည်။

 

၎င်းစမတ်ဖုန်း အမျိုးအစား နှစ်ခုလုံးတွင် Android 8.1  စနစ်ကို အခြေခံသည့် Oppo ၏ ကိုယ်ပိုင်လည်ပတ်မှုစနစ် Color OS 5.0 ကို Solar Red, Moonlight Silver, Diamond Black  စသော အရောင်သုံးမျိုး ရွေးချယ်နိုင်ပြီး Oppo F7  အမျိုးအစားကို မြန်မာကျပ်ငွေ ၃၈၉၀ဝဝ ဖြင့် ရရှိနိုင်ပြီး F7 Youth   အမျိုးအစားကို ကျပ် ၃၁၉၀ဝဝ ဖြင့် ပြည်တွင်း မိုဘိုင်းဖုန်းဆိုင်များ အပါအဝင် Oppo ၏ တရားဝင် မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ALEX