အဂူရိုကို အင်ဒီပင်းဒီးယင့်အသင်းက ပြန်လည်ခေါ်ယူရန် စီစဉ်နေ

၁၆  ဧပြီ

မန်စီးတီးတိုက်စစ်မှူး အဂူရိုဟာ ကစားသမားဘဝကို အင်ဒီပင်းဒီးယင့် အသင်းနဲ့အတူ စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ မန်စီးတီးအသင်းဆီကနေ ပြန်လည် ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဂူရိုရဲ့ ကစားဖော်ဟောင်းတစ်ဦးဖြစ်တဲ့ ပူစီနာရီဟာ လက်ရှိမှာ အင်ဒီပင်းဒီးယင့် အသင်းနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေတာဖြစ်ပြီး တိုက်စစ်မှူး အဂူရိုကို ဗျူနိုအေးရိစ်ကို ပြန်လည်ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ တိုက်စစ်မှူးအဂူရိုဟာ မန်စီးတီးအသင်းနဲ့အတူ ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူး အဂူရိုက သူ့ရဲ့ ကစားသမားဘဝကို မွေးရပ်မြေအာဂျင်တီးနားမှာပဲ ပြန်လည် ကုန်ဆုံးမယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် နည်းပြပူစီနာရီကလည်း တိုက်စစ်မှူး အဂူရို အကြိုက်ဆုံးဖြစ်တဲ့ ကျောနံပါတ် ၁၀ ကိုလည်း ချန်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ငွေကြယ်