အေးဆေးတဲ့ နေရာလေးတစ်ခုမှာ သူငယ်ချင်းတွေနဲ့ CHILL OUT လုပ်ရအောင်

၁၂ ဒီဇင်ဘာ

စမ်းချောင်း၊ ခတ္တာလမ်းထဲက Angel Phoo Bakery ကိုတော့ Cake Crazy တွေ အကုန်လုံးလိုလို သိကြမှာပဲနော် ဒီဆိုင်လေးက ဖွင့်ထားတာ နည်းနည်းတောင်ကြာပြီ။ ရောက်ဖူးတဲ့လူလည်း တော်တော်များမယ် ထင်ပါတယ်။ Rainbow Cake တွေအစ အိန်ဂျယ်ဖူး ကလို့ပြောကြတယ်။ ဘာလို့ဆို Rainbow Cake ဆိုတာလေး ပေါ်နေတယ်။ အဲ့ဒါက Angel Phoo မှာပဲရတယ် ဆိုတော့ အဲ့ပဲသွားသွားဝယ်ကြရတာ။ အက်မင်လည်း မကြာခဏဆိုသလို သူငယ်ချင်းတွေနဲ့တွေ့ရင်း အဲ့ရောက်ဖြစ်တယ်။ အခုနောက်ဆုံးတစ်ခေါက်ကိုတော့ Review လေးလည်း ရေးချင်စိတ်ပေါ်လာတာနဲ့ ပြန်ပြီးတော့ Sharing လုပ်ပေးသွားမယ်နော်

စမ်းချောင်း၊ ဗဟိုလမ်းကနေ ခတ္တာလမ်းထဲ နည်းနည်းဝင်လိုက်ရင် ညာဘက်ခြမ်းက ခြံဝန်းကြီးထဲမှာ Angel Phoo ဆိုတဲ့ Café & Bakery ဆိုင်လေးရှိတယ်။ ခြံထဲမှာလည်းထိုင်လို့ရအောင် ခုံဖြူဖြူလေးတွေ ထားပေးထားတယ်။ အပင်လေးတွေလည်းရှိတော့ အေးချမ်းတယ်။ သာသာယာယာလေးပဲ။ ညနေခင်းဆို လေလေး တိုက်ပြီးထိုင်လို့လည်း တော်တော်ကောင်းမှာ။ ခြံဝန်းလေးထဲလည်း ကားရပ်လို့ရသလို ခြံရှေ့လမ်းထဲမှာလည်း ကားရပ်လို့ရတော့ ကားပါကင်အတွက် ပူစရာမလိုတော့ဘူး။ ဆိုင်ထဲမှာ ထိုင်မယ်ဆိုရင်တော့ အဲကွန်းလေး အေးအေးလေးနဲ့ သီချင်းလေးတွေနားထောင်ရင်း ထိုင်လို့ကောင်းတယ်။ သူငယ်ချင်းတွေနဲ့ပြောဟယ် ဆိုဟယ် စားကြသောက်ကြရင်းထိုင် သာသာယာယာပဲ။ အေးဆေးလေး စာအုပ်ထိုင်ဖတ်လို့လည်း ကောင်းသလို အလုပ်တွေ ဘာတွေလုပ်မယ်၊ စာတွေဘာတွေလုပ်မယ်ဆိုလည်း သင့်တော်စေမယ့် နေရာလေးပါ။ ဒါနဲ့ ဆယ်လ်ဖီဆွဲလို့လည်း လှတယ်သိလား

mdn

 Angel Phoo ကိုလေ အက်မင်အစကထင်ထားတာ ကော်ဖီနဲ့ ကိတ်တွေပဲရတယ်ပေါ့။ အမှန်ကတော့ အဲ့လိုမဟုတ်ဗျ.. European နဲ့ Thai စာတွေပါရတယ်။ ဆိုတော့ ပိုကောင်းသွားတာပေါ့နော်။ တချို့ ကောင်မလေးတွေအုပ်စုလိုက် စာတွေဘာတွေလုပ်ရင် လာထိုင်ကြတာ တွေ့ရသလို Selfie လေးတွေဆွဲပြီး Rainbow Cake လာစားကြတဲ့ သူတွေလည်း တွေ့ခဲ့တယ်
ဒီဆိုင်လေး အကြောင်းပြောမယ်ဆို မပါမဖြစ်က ကိတ်ပဲ။ Rainbow Crepe Cake ကတော့နာမည်ကြီးပဲ။ စ ပေါ်ကာစ ထဲကနာမည်ကြီးပြီးသား။ စားဖူးတဲ့လူတိုင်းလည်း ကြိုက်ကြသလို အက်မင်ကိုယ်တိုင်လည်း ခဏခဏတောင့်တမိတဲ့ ကိတ်လေးပါ။ အလွှာတစ်လွှာချင်းစီမှာ အရသာလေးတွေရှိပြီး နူးနူးညံ့ညံ့လေး စားလိုက်ရတဲ့ အရသာလေးက တော်တော်မိုက်တယ်။ အဲ့ဒါကြောင့်လည်း အရောင်းရဆုံးမီနူး တစ်ခုဖြစ်တာနေမှာ။ သူကတစ်စိတ်ကို (၃၉၀ဝ)ကျပ်။

နောက် Bagel. Bagel လေးတစ်လုံးစားရုံနဲ့တင် ဗိုက်တင်းသွားတဲ့ အနေအထားမှာ ရှိတယ်။ သူ့ရဲ့ပေါင်မုန့်သားကလည်း ခပ်ကောင်းကောင်းပဲရယ်။ ဒီ Bagel တစ်လုံးနဲ့ Sauce တစ်ဗူးဆိုရင်ပဲ (4500) ကျပ်။ တော်တော်လေးစားရတယ်။ Cream Flavor ရဲ့အရသာကို (၅)မျိုးထဲကမှ ကိုယ်ကြိုက်တာရွေးချယ်လို့ရတယ်။

mdn


နောက်တစ်ခုက Galaxy Mousse Cake လေး။ သူ့ရဲ့ပုံစံလေးကလည်းခပ်ဆန်းဆန်းလေးရယ်။ Yogurt Mousse လေးကတစ်လွှာ အဲ့ဒီအပေါ်မှာမှ ထောပတ် Sponge Cake လေးတစ်လွှာ။ အပေါ်ဆုံးမှာမှ Galaxy ပုံစံလေး Icing Frosting လေးအုပ်ထားတယ်။ ကိတ်သားရဲ့နူးညံ့တဲ့ အရသာလေးနဲ့ အလွှာတစ်လွှာချင်းစီက အရသာလေးတွေ ပေါင်းလိုက်တော့ တော်တော်လေးစားလို့ကောင်းတယ်ဗျ.. တစ်လုံးကို (၃၈၀ဝ)ကျပ်။ ကြုံရင်ဒါလေးမြည်းစမ်းကြည့်ပါလို့..။ Red Velvet ဆိုတာလည်း မိုက်တယ်။ နီနီရဲရဲလေးနဲ့ ပုံစံလေးကိုက ချစ်စရာလေး။ သူကတစ်စိတ်ကို (၃၅၀ဝ)ပဲ။

ဒီကကော်ဖီကတော့ ပြောစရာမလိုတော့ဘူးထင်ပါတယ်။ ကိုယ်တွေမှာသောက်တဲ့ကော်ဖီလေးကဆိုရင် ပုံစံလေးကိုလည်းအမြင်လေး ဆန်းအောင်ပြင်ပေးထားပြီး အနံ့လေးနဲ့လည်းမွှေးမွှေးလေး။ အရသာလေးကလည်း လေးလေးနက်နက်လေးနဲ့ ဆွဲဆောင်မှုရှိတယ်။ ကော်ဖီအပြင် အခြားTea ရတယ်။ Frappe နဲ့ Fresh Juice တွေလည်းရတယ်ဗျ။ ကော်ဖီတို့၊ အအေးတို့က ကိတ်နဲ့လိုက်ဖက်ပြီးသားမို့ အတွဲညီညီစပ်သောက်ဖို့ပဲ လိုမယ်နော်

European အစားအစာတွေမှာ အက်မင်တို့စားခဲ့တာမှာဆိုရင် Pork Chop. တော်တော်ကောင်းကောင်းလေးပဲ။ အသားလေးကနူးညံ့ပြီးတော့ ဖဲ့ရစားရလည်းလွယ်တယ်။ ဆော့စ်ရဲ့အရသာလေးက အသားထဲပျော်ဝင်ပြီး စားလို့ တော်တော်လေး အဆင်ပြေတယ်။ တစ်ယောက်စာကတော့ အေးဆေးရတယ်ဗျ သူကတော့တစ်ပွဲကို (၁၃၀ဝဝ)ကျပ်ပါ။
နောက် ငါးကြိုက်တဲ့သူတွေအတွက် ကက်ကတစ်ငါးလေးကိုမှ ကင်ပြီးတော့ ချိစ့်လေးနဲ့ ပြန်အုပ်ပေးထားတဲ့ Sea Bass လေးလည်း မဆိုးဘူး။ ငါးအသားညက်ညက်ညောညာလေးနဲ့ အရသာလေးက ပေါ့ပေါ့ပါးပါးလေးမို့ စားရတာ ခပ်မိုက်မိုက်လေးပဲ။ နောက်တစ်ခုက Baked Penne with Seafood ဆိုတာ.. ချိစ့်လေးလည်းပါတဲ့အပြင် ပင်လယ်စာလေးပါပါတော့ အရသာလေးကတော့ ခပ်ဆိမ့်ဆိမ့်လေးရယ်။ သူ့ရဲ့ Type ကလည်း ပေါ့ပေါ့ပါးပါးလေးပဲ သွားတယ်။ European Food ကြိုက်တဲ့သူတွေအတွက်တော့ သင့်တော်တဲ့ ဆိုင်ကောင်းလေး တစ်ဆိုင်ဖြစ်မှာပါ။

mdn

နောက် ထိုင်းစာမှာဆိုရင် ဝက်ဂုတ်သားကင်သုပ်။ ခပ်ပစ်ပစ်ပုံစံလေးသုပ်ထားပြီး အရသာက အချဉ်နဲ့ အစပ် အရောလေး။ အရမ်းပြင်းတဲ့ အရသာမျိုးတော့မဟုတ်ပေမယ့် စားရတာတော့ လေးလေးနက်နက်ရှိတယ်။ ပင်စိမ်းလေးလည်းပါတော့ အနံ့လေးကလည်း ခပ်မွှေးမွှေးလေးပဲပေါ့။ နောက်ဆုံးက Grilled Chicken Chop ကြက်သားကိုမှ Grill လုပ်ထားပြီး ဘေးမှာ အာလူး၊ အသီးရွက်လေးတွေ ထည့်ပေးထားတယ်။ သူနဲ့အတူတွဲစားဖို့ ဆော့စ်လည်းပါပြီး အဲ့ဒါလေးလောင်းစားလိုက်ရင် ပိုမိုက်တယ်။ အသားကအရမ်းလည်း မနူးအိပဲ အနေတော်လေးမို့ စားရတာလည်း အဆင်ပြေတယ်။
နောက် ထိုင်းငပိထမင်းကြော်။ ငပိနဲ့ကြော်ထားတဲ့ ထမင်းကြော်လေးကို အဝိုင်းလေးလုပ်ပေးထားပြီး သူ့ဘေးပတ်ပတ်လည်မှာ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ သရက်သီး၊ ပဲသီး၊ သခွားသီး၊ ကြက်ဥကြော်၊ ဝက်သား အဲ့ဒါလေးတွေ ဝန်းရံပေးထားတယ်။ အဲ့ဒါတွေက အကုန်လုံးကိုနယ်စားရင်တော့ ချို၊ ချဉ်၊ ငံ၊ စပ် အရသာပိုစုံတယ်။ သူက ကြက်သား၊ ဝက်သား၊ ပင်လယ်စာသုံးမျိုးနဲ့ ရတယ်။ သူကတစ်ပွဲကို (၄၀ဝဝ)ကျပ်။

European ဆိုလည်း European. Thai ဆိုလည်း Thai. သူ့ပုံစံအလိုက် တစ်မျိုးချင်းစီလေးတွေ ကောင်းတယ်။ စားရတာလည်းမဆိုးဘူး။ အဆင်ပြေပါတယ်။ European Food ကတော့ ပုံမှန်စားနေကျ မြန်မာတွေခံတွင်းနဲ့ နည်းနည်းလေးကွဲပြားပေမယ့် တကယ့်တကယ် European Food ကြိုက်တယ်ဆိုရင်တော့ ဒီကမီနူးလေးတွေကို စားကြည့်သင့်ပါတယ်။
ဆိုင်ကမနက် (၉)နာရီကနေ ည(၁၀)နာရီအထိဖွင့်တယ်
။ Private Room တွေလည်းရှိပြီး မွေးနေ့ပွဲတွေ ဘာတွေလုပ်ချင်ရင်လည်း မွေးနေ့ကိတ်မှအစ Decoration ဆင်ချင်ရင်လည်း စီစဉ်ပေးတယ်။ လိပ်စာအတိအကျလေးက အမှတ် (၃၉) ခတ္တာလမ်း၊ စမ်းချောင်းမှာပါ။ ဖုန်းနံပါတ်က 09253098238, 09253022066 ပါ။ အော်ဒါနဲ့ Delivery မှာချင်ရင် Door to Door ကနေ မှာလို့ရတယ်နော်။ ပြီးတော့ ပွဲတွေ ဘာတွေလုပ်ဖို့ရှိတယ်ဆိုရင်လည်း Angel Phoo က ကိတ်နဲ့ Dessert တွေကို One Bite စာအရွယ်အစားလေးတွေနဲ့လည်း အခုရေကြိုက်သလောက်မှာလို့ရတယ်တဲ့နော် 
ကဲ ဒီနေ့တော့ ဒီလောက်ပဲမို့ နောက်မှထပ်တွေ့ကြမယ်နော်..။ Review လေးဖတ်ပေးတာ.. ကျေးဇူးပါရှင်

Honey (MyLann)