အောင်ပွဲရ စားပွဲတင်တင်းနစ်အားကစားအဖွဲ့ ပြန်လည်ရောက်ရှိကြိုဆို

ရန်ကုန် ၁၁ ဇွန်


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဇွန်လ (၄)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော 25th SEA Junior & Cade Table Tennis Championship 2019 ပြိုင်ပွဲတွင် Junior အမျိုးသားအသင်းလိုက်ပူးတွဲ တတိယဆု ရရှိခဲ့သည်။

 

1

 


ပြိုင်ပွဲတွင် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံမှ တစ်အုပ်စု၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံတို့က တစ်အုပ်စု (၄)နိုင်ငံ နှစ်အုပ်စုခွဲ၍ ပတ်လည်ယှဉ်ပြိုင် ကစားရာ ထိုင်းအသင်းအား (၃:ဝ)ဖြင့်ရှုံးနိမ့်၍ ဘရူနိုင်း အသင်းအား (၃:ဝ)နှင့်ဖိလစ်ပိုင် အသင်းအား (၃:၂)ဖြင့် နိုင်၍ တစ်ဖက်အသင်းအုပ်စုမှ အုပ်စု ပထမရရှိသော စင်ကာပူအသင်းအား ရှုံးနိမ့်ကာ မလေးရှားအသင်းနှင့်အတူ ပူးတွဲတတိယ ဆုရရှိခဲ့သည်။


အောင်ပွဲရ စားပွဲတင်တင်းနစ်အားကစား အဖွဲ့သည် ယမန်နေ့ ည (၉)နာရီ (၁၅) မိနစ် အချိန်က  ထိုင်းနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် အမှုဆောင်များ၊ မိဘဆွေမျိုးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား၊ သင်တန်းသူများက စည်ကား သိုက်မြိုက်စွာ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။


အား။ကာ (ရန်ကုန်)