အောင်မြေသာစံမြို့နယ်၌ မီးလောင်မှုဖြစ်ပွား

၂ ဖေဖော်ဝါရီ

 

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်ရှိ အိမ်ရှင် ဦရာကစ် (၄၆)နှစ်၏နေအိမ်၌ ယနေ့ နံနက် ၁၀ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းဇော်ဦး၊ မန္တလေးခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်နှင့် သန္ဓေတပ်ဖွဲ့ဝင် ၄၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ဝ ဦးတို့သည့် အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးငြှိမ်းသတ်ယာဉ် ၅၀ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်ရသည့် အကြောင်းအရင်းကို စုံစမ်ဆဲဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်တစ်လုံး ဆုံးရှုံးခဲ့ပြီး အနီးရှိ နေအိမ်နှစ်လုံးတွင် နေအိမ်အပေါ်ထပ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးရာကစ်အား အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)

 

u7u