အောင်လံမြို့၌ မန်ကျည်းပင်လဲကျမှုဖြစ်ပွား၍ နေအိမ်အချို့ပျက်စီး

အောင်လံ ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် သရက်တောရပ်ကွက် ဝဲဒေါင့်ပိုင်း၊ ကမ်းနားလမ်းရှိ မန်ကျည်းပင်မှာ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းမရှိဘဲ အမြစ်ဆွေးကာ လုံးပတ်(၁၂)ပေ သစ်ကိုင်း အရှည်(၅၀)ပေခန့် မန်ကျည်းပင်မှာ ဇူလိုင် ၇ ရက် ည (၇)နာရီက လဲကျနေကြောင်း အရန်မီးသတ်တပ်ဖွဲ့ထံမှ  သိရ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းဇော်ဦးစီးသော သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း(၃၅)ဦးတို့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ ရပ်ကွက်နေပြည်သူများနှင့်အတူ ရှင်းလင်းဖယ်ရှား ကူညီကယ်ဆယ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသစ်ကိုင်းကျိုးကျမှုကြောင့် ဦးဝင်းထွန်းနေအိမ်၏ သွပ်(၅)ချပ် ပေါက်ပြဲ၊ ဦဝဏ္ဏဌေး၏ နေအိမ်တွင် (၃ x ၂) မျှားတန်း(၄)ချောင်း ကျိုးပဲ့၊ ဒေါ်ရီနေအိမ်တွင် မိုးကာစနှင့် သွပ်(၇)ချပ် အနည်းငယ်ပေါက်ပြဲ ပျက်စီးခဲ့ကြပြီး လူနှင့် တိရစ္ဆာန်ထိခိုက် သေဆုံးမှုမရှိကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)