အစ်မရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ ဂျေဟုတ်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ BTS ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟုတ်ဟာ လတ်တလောမှာ ပြုလုပ်ခဲ့တဲ့ အစ်မရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြောင်း အောကေပေါ့ပ် ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ယင်းအခမ်းအနားမှာ ဂျေဟုတ်ကို ယခင်မြင်နေကျမဟုတ်တဲ့ ရွှေရောင်ဆံပင်တွေနဲ့ တွေ့ခဲ့ရပါတယ်။ မင်္ဂလာပွဲမှာ တွေ့မြင်ရတဲ့ ဂျေဟုတ်ရဲ့ ဓာတ်ပုံတွေကို ပရိသတ်ကလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဖော်ပြခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

အဆိုပါ မင်္ဂလာအခမ်းအနားမှာ ဂျေဟုတ်က သူ့ဖခင် ကိုယ်စား မင်္ဂလာဂုဏ်ပြုစကား ပြောကြား ပေးခဲ့ရာ သူ့ရဲ့ အစ်မမှာ မျက်ရည်ပင်ကျခဲ့ရကြောင်း မင်္ဂလာပွဲကို တက်ရောက်ခဲ့သူ ပါမောက္ခတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဂျေဟုတ်ရဲ့ အစ်မ ဂျန်ဂျီဝူးရဲ့ မင်္ဂလာအခမ်းအနားကို ဂန်းနန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေ  တက်ရောက်ခဲ့ကြကြောင်းလည်း သိရပါတယ်။

အေးပြည့်