အစိုးရ ရုံးပိတ်ရက်ရှည်များတွင် ဓနုဖြူမြို့၏ သမိုင်းဝင် ကျိက္ကလွန်ဗွန်း စေတီတော်နှင့် ဥမ္မာဒန္တီ ကမ်းခြေတို့တွင် စည်ကားများပြားလျက်ရှိ

ဓနုဖြူ ၃ မတ်

 

ဓနုဖြူမြို့၏ သမိုင်းဝင် ကျိုက္ကလွန်ဗွန်း စေတီတော်ကြီးတွင် ရုံးများပိတ်ကာလ ပိတ်ရက်ရှည် ဖြစ်သောကြောင့် ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိပြီး ဘုရားအနီးတွင်ရှိသော ဥမ္မာဒန္တီ ကမ်းခြေတွင် ရေဆော့ကစားသူများ အပန်းဖြေနေသူများ များပြားလျက် ရှိသည်ကို တွေ့ရသည်။

 

 

ဘုရားဖူးရင်း အပန်းဖြေသူများမှ ဓနုဖြူမြို့သို့ လာရခြင်းသည် ပျော်ဖို့ အလွန်ကောင်းကြောင်း သမိုင်းဝင် ဘုရားဖူးရင်း ကုသိုလ်ရသလို ကမ်းခြေသို့ သွားရောက် လည်ပတ်နိုင်သောကြောင့် စိတ်အပန်းပြေကာ ပျော်ရွင်မှုများ ရရှိကြောင်း၊ ရန်ကုန်မြို့မှ လာရောက် အပန်းဖြေသူ တစ်ဦးကလည်း မိသားစုလိုက် လာရောက် လည်ပတ်ခြင်းဖြစ်ကြောင်း ကမ်းခြေကို ယခင်က ကြားဖူးပေမယ့် ယခုရောက်မှ ပို၍ သာယာသည်ကို တွေ့ရှိကြောင်း နောက်ရုံးပိတ်ရက်များတွင်လည်း မိသားစုလိုက် လာရောက် လည်ပတ်မည်ဖြစ်ကြောင်း ပြောသည်။

အောင်သူဟိဏ်း(ပြန်/ဆက်)