အဆင့် ၆ နေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း နီကိုကိုဗက်အားအသင်းနည်းပြ အဖြစ်မှ မိုနာကိုအသင်း ထုတ်ပယ်

ပြင်သစ်ပထမတန်းကလပ် မိုနာကိုအသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်လျက်ရှိပေမယ့် နည်းပြ နီကိုကိုဗက်ကို အသင်းနည်းပြအဖြစ်ကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ နည်းပြနီကိုကိုဗက်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ခရိုအေးရှားနိုင်ငံ လက်ရွေးစင်အသင်း တို့ရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းမှာ မိုနာကိုအသင်း နည်းပြဖြစ်လာ ခဲ့တာ ဖြစ်ပါတယ်။

ခန့်အပ်

မိုနာကိုအသင်းဟာ စပိန်နိုင်ငံသား နည်းပြ ရောဘတ်မိုရီနိုကို ခုနစ်လကြာ အသင်းနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်စေခဲ့ပြီး အသင်းနည်းပြအဖြစ် ကနေ ထုတ်ပယ်ခဲ့ကာ အသက် ၅၀ အရွယ်ရှိ နည်းပြ နီကိုကိုဗက်ကို ရောဘတ်မိုရီနိုရဲ့ နေရာမှာ အစားထိုးနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

မိုနာကိုအသင်းဟာ နည်းပြနီကိုကိုဗက်အား အသင်းနည်းပြအဖြစ် ထုတ်ပယ်ရေးဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၃၀ ရက်မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နည်းပြအဖြစ်ကနေ တရားဝင် ထုတ်ပယ်မှုကိုတော့ ဇန်နဝါရီ ၂ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

နည်းပြနီကိုကိုဗက်ဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီအတွင်းက ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒက်လီဂါဖလား တစ်ကြိမ်နဲ့ ဂျာမန်ပိုကယ်ဖလား တစ်ကြိမ်တို့ကို ရယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

အဲဒီလို စွမ်းဆောင်ရည်ကောင်းတွေရှိခဲ့တာကြောင့်မိုနာကိုအသင်းက နည်းပြ နီကိုကိုဗက် ကို ရောဘတ်မိုရီနိုရဲ့ နေရာမှာ အစားထိုးခန့်အပ်ခဲ့တာဖြစ်ပြီး ကိုကိုဗက်ဟာ မိုနာကိုအသင်းကို ၇၄ ပွဲ တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ မိုနာကိုအသင်းဟာ ပြင်သစ် ပထမတန်း အမှတ်ပေး ဇယားအဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ ပီအက်စ်ဂျီအသင်းနဲ့ ၁၇ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။

ငွေကြယ်