အစ္စတန်ဘူလ်တွင် ခရီးသည်တင်လေယာဉ်ပြေးလမ်း ဘီးချော်မှုဖြစ်ပွား သုံးဦးသေဆုံး၊ ၁၇၉ ဦး ဒဏ်ရာရ

၆ ဖေဖော်ဝါရီ

 

တူရကီ ခရီးသည်တင်လေယာဉ်တစ်စင်းသည် ယမန်နေ့က  အစ္စတန်ဘူလ်မြို့ရှိ လေဆိပ်သို့ ဆင်းသက်ချိန်တွင် လေယာဉ်ပြေးလမ်း ဘီးချော်မှု ဖြစ်ပွားခဲ့သည်။

 

အဆိုပါ လေယာဉ်သည် ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပြီး သုံးဦးသေဆုံးကာ လူ ၁၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။

 

88

 

တူရကီ စရိတ်နည်း ပဂါဆု လေကြောင်းလိုင်းမှ လေယာဉ်သည် တူရကီနိုင်ငံအနောက်ပိုင်း အက်ဇမားပြည်နယ်မှ အစ္စတန်ဘူလ်မြို့ အရှေ့ပိုင်း စဘီဟာ ဂို့ဆန်လေဆိပ်သို့  ဆိုက်ရောက်ခဲ့သည်။ ၎င်းလေယာဉ်ပေါ်တွင် လူ ၁၈၀ ကျော် လိုက်ပါလာသည်။

 

ယင်းလေယာဉ်မတော်တဆမှုကြောင့်  လူ ၁၇၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု တူရကီ တာဝန်ရှိသူများက ဆိုသည်။

 

5

 

အဆိုပါ လေယာဉ်မတော်တဆမှုဖြစ်ပွားချိန်တွင် လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် အကြံပေးချက်များ ထုတ်ပြန်ခဲ့သည်။ ဒေသန္တရလေကြောင်းအာဏာပိုင်များကို စုံစမ်းစစ်ဆေးရန် ထိုလေဆိပ်ကို ပိတ်ထားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို