အစ္စရေးတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၁၃၃၅ ဦး တွေ့ရှိ

၉ ဇူလိုင်

 

 

အစ္စရေးနိုင်ငံတွင် ဇူလိုင် ၈ ရက်နေ့က  ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၁၃၃၅ ဦး ရှိကြောင်းနှင့် ဖေဖော်ဝါရီလ နှောင်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော ကူးစက်မှုတွင် ဒုတိယကူးစက်မှု အမြင့်ဆုံး ဖြစ်ပွားခဲ့သည့် နေ့ဖြစ်သည်ဟု အစ္စရေး ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပေါင်း ၃၃၅၅၇ ဦး ရှိလာကြောင်း ဖော်ပြထားသည်။

 

 

ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၃၄၄ မှ ၃၄၆ ဦး ထိရှိလာကြောင်း၊ ၈၆ မှ ၁၁၃ ဦးမှာ အခြေအနေစိုးရိမ်ရကြောင်းနှင့် လက်ရှိ ဆေးရုံတက်နေသူ ၄၀၅ ဦး ရှိကြောင်း သိရသည်။

 

 

ကူးစက်ခံရမှုမှ ထပ်မံ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူ ၁၁၁ ဦး ရှိပြီး ကျန်းမာလာသူ အရေအတွက် ၁၈၃၃၈ ဦး အထိ မြင့်တက်လာသည်။

 

 

ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နှင့်အစ္စရေးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ မတ် ၁၉ ရက်နေ့နှင့် ဧပြီ ၁ ရက်နေ့တို့တွင် တရုတ်နှင့်အစ္စရေး နှစ်နိုင်ငံ ဆရာဝန်များသည် ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရန်နှင့် ကူးစက်ခံရသူများ ကုသမှုတို့အတွက်  ဗွီဒီယိုကွန်ဖရင့် နှစ်ကြိမ်ကျင်းပ ဆွေးနွေးကာ အတွေ့အကြုံများ မျှဝေခဲ့ကြသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို