အစ္စရေးနိုင်ငံ၌ နှစ်ပေါင်း ၃၅၀၀ သက်တမ်းရှိ ခရားအိုးများ ပြန်လည်ပြသ

ဂျေရုဆလင် ဇူလိုင် ၅

 

နှစ်ပေါင်း ၃၅၀၀ ခန့် သက်တမ်းရှိသည့် ခရားအိုးသုံးလုံးကို အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ ဟိုင်ဖိုင်တက္ကသိုလ်မှ သုတေသီများက နိုင်ငံသားများထံ ပြန်လည်ပြသခဲ့ကြောင်း သိရသည်။

 

ယင်းခရားအိုးများကို အစ္စရေးနိုင်ငံ မြောက်ပိုင်းရှိ တဲအတ်ဆော ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ၂၀၁၁ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ က လူသားတို့ အခြေချ နေထိုင်မှုများရှိသည်ကို တွေ့ရှိရကြောင်းသိရသည်။ ယခုတွေ့ရှိခဲ့ရသည့် ခရားအိုးများကို တဲအတ်ဆော ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ကုန်စည်ရောင်းဝယ်သည့် အီဂျစ်လူမျိုးများ စခန်းချရပ်နားရာနေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ခရားအိုးများအား သီးနှံနှင့် ဆီများ သိမ်းဆည်းရန် အသုံးပြုခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ