အစာအုပ်စု၊ အာဟာရဓာတ်များနှင့် အစာအာဟာရဆိုင်ရာ လိုက်နာသင့်သည့် အချက်များအကြောင်း သိကောင်းစရာ

နေပြည်တော် ၂၉ မတ်

အစာအုပ်စုများ

အစားအစာတို့တွင် ကြွယ်ဝစွာ ပါဝင်သည့် အာဟာရဓာတ်များ၏ အဓိက အကျိုးပြုမှုအပေါ် မူတည်၍ အစာအုပ်စု (၃) စု ခွဲခြားထားပါသည်။ အစာအုပ်စု (၃) စုမှ အစားအစာများကို စုံလင်မျှတစွာ ပါဝင်အောင် နေ့စဉ် ပြင်ဆင်စားသုံးရပါမည်။

http://mmdigitalnews.com/epaper/mobimax/admin/img/breakingnews/portal_size_copy_copy1.JPG

အာဟာရဓာတ်သည် အသွေး၊ အသား၊ အင်အားတို့ကို ဖြစ်စေတတ်သော သြဇာဓာတ်ဖြစ်သည်။ သက်ရှိသတ္တဝါတို့ ခန္ဓာကိုယ် အသက်ရှင်ကျန်းမာရေးအတွက် လိုအပ်သော ဇီဝဓာတုပစ္စည်းများဖြစ်ပြီး အစားအစားများ စားသုံးခြင်းဖြင့် ရရှိနိုင်သည်။ခန္ဓာကိုယ် ဖွံ့ဖြိုးခြင်း၊ လှုပ်ရှားသွားလာခြင်း၊ မျိုးဆက်ပွားခြင်း၊ အင်အားဖြစ်စေခြင်းနှင့် ရောဂါကာကွယ်ခြင်းတို့အတွက် အာဟာရဓာတ် အမျိုးမျိုး လိုအပ်သည်။အာဟာရ လိုအပ်ချက်များသည် အသက်အရွယ်၊ ကျား/ မ၊ ကိုယ်လက်လှုပ်ရှားမှု၊ ကျန်းမာရေး အခြေအနေတို့အရ ကွာခြားသည်။

အာဟာရဓာတ် (၆) မျိုး

ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ် (၆)မျိုးမှာ

(က) ကစီဓာတ်

(ခ) အဆီဓာတ်

(ဂ) အသားဓာတ်

(ဃ) သတ္တုဓာတ်

(င) ဗီတာမင်ဓာတ်

(စ) ရေဓာတ် တို့ဖြစ်ကြသည်။

http://mmdigitalnews.com/epaper/mobimax/admin/img/breakingnews/healthy32.JPG

အာဟာရ မျှတစေရန် နေ့စဉ် စားသုံးသည့် အကြိမ်တိုင်းတွင် အစာအုပ်စု (၃)စုလုံး ပါအောင်စားပါ။

အစာအာဟာရဆိုင်ရာ လိုက်နာသင့်သည့်အချက်များ

၁။ နေ့စဉ် စားသုံးသည့် အကြိမ်တိုင်းတွင် အစာအုပ်စု (၃)စုလုံး ပါအောင်စားပါ။

၂။ အသား၊ ငါး၊ ဥအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများကို နေ့စဉ်စားသုံးပါ။

၃။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများစားသုံးပါ။

၄။ အိုင်အိုဒင်းဆားကိုသာ သုံးစွဲပါ။

၅။ ရေကို လုံလောက်အောင် သောက်ပါ။

၆။ အသင့်စားအစာများထက် သန့်ရှင်းလတ်ဆတ်၍ ဘေးဥပါဒ် အန္တရာယ်ကင်းသော သဘာဝ အစာများကို ရွေးချယ်စားသုံးပါ။

၇။ အဆီအမျိုးမျိုး၊ အငန်နှင့် ချိုသောအစာများကို ဆင်ခြင်၍ စားသုံးပါ။

၈။ အချိုရည်များကို ဆင်ခြင်၍ သောက်သုံးပါ။

၉။ ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များ အာဟာရပြည့်ဝသော အစာများကို ပိုစားပါ။ အစားမရှောင်ပါနှင့်၊ မွေးစမှ အသက် (၆) လထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးပါ။

၁၀။ အသက် (၆)လမှ စတင်၍ အာဟာရပြည့်ဝသော ဖြည့်စွက်စာ အမျိုးမျိုးကို အသက်အရွယ်အလိုက် စုံလင်အောင်ကျွေးရင်း မိခင်နို့ကို အသက်(၂)နှစ်အထိ တိုက်ကျွေးပါ။

၁၁။ ကလေးများနှင့် ပျိုဖော်ဝင်အရွယ်များ အစွမ်းကုန် ကြီးထွားဖွံ့ဖြိုးနိုင်စေရန် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေသော အစာများကို ပို၍ ကျွေးပါ။

၁၂။ သက်ကြီးဘိုးဘွားဘဝတွင် အာဟာရဓာတ်များ ကြွယ်ဝသည့် အစားအစာများကိုသာ ရွေးချယ်စားသုံးပါ။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN