အာရှဖလား ယူ-၁၇ ခြေစစ်ပွဲယှဉ်ပြိုင်ရန် မြန်မာအသင်း ကာဂျစ္စတန်နိုင်ငံသို့ ထွက်ခွာ

 

ရန်ကုန်  ဧပြီ   ၁၉

 

မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင် အမျိုးသမီးအသင်းသည်  ၂၀၂၄ အာရှဖလား ယူ-၁၇ ပထမအဆင့် ခြေစစ်ပွဲ  ဝင်ရောက်ယှဉ်ပြိုင်ရန် ဧပြီ   ၁၉   ရက်  ညနေပိုင်းက ကာဂျစ္စတန်နိုင်ငံသို့     ထွက်ခွာခဲ့ သည်။

 

မြန်မာလက်ရွေးစင်   အမျိုး သမီး    ယူ-၁၇   အသင်းတွင် အုပ်ချုပ်/နည်းပြ ရှစ်ဦး၊ ကစား သမား ၂၃ ဦး စုစုပေါင်း ၃၁ ဦး လိုက်ပါသွားသည်။     ခြေစစ်ပွဲ ယှဉ်ပြိုင်မည့်    မြန်မာ   ယူ-၁၇ အမျိုးသမီးအသင်းတွင် အုပ်ချုပ် သူ-ဒေါ်နွယ်နီဦး၊   နည်းပြချုပ် – ဦးသန်းဝေ၊ လက်ထောက်နည်းပြ များ – ဒေါ်မာလာဝင်း၊ ဒေါ်သန်း သန်းထွေး၊ ဂိုးနည်းပြ – ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုးသမား– သူဇာအောင်၊ အိတာယာ၊ ပန်းနု ဝေ၊   နောက်တန်း  – ယုယုနိုင်၊ မင်းမင်းနု၊  သဲအိလှိုင်၊  ယမင်းဖြူ၊  အလယ်တန်း – ကေသွယ်ဖြိုးဦး၊ မြတ်နိုးအောင်၊    ငြိမ်းငြိမ်းဖြိုး၊ ဝင်းစန္ဒာ၊   နှင်းဝေနှင်း၊  ခင်ဖုန်း၊ ဟန်နီမိုးလွင်၊ သွန်းဝတီ၊ ရှေ့တန်း– ဇခါရိုရ်စီ၊ ယုယနိုင်၊ သင်ဇာလင်း၊ နှင်းလတ်လတ်လှိုင်၊ ပန်းအိနွယ်၊ အကူးမွန်းရမ်၊ စုစုခင်နှင့် ရွှေပုံချစ် (YREO) တို့ ပါဝင်ကြသည်။

 

မြန်မာ   ယူ-၁၇  အမျိုးသမီး အသင်းသည် ယင်းခြေစစ်ပွဲတွင် အုပ်စု(F)၌      ကျရောက်နေပြီး ကာဂျစ္စတန်နိုင်ငံ   ဘစ်ရှ်ကက်မြို့ ၌  ဧပြီ  ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။   မြန်မာ အသင်းသည် အိမ်ရှင် ကာဂျစ္စတန်၊ အိန္ဒိယအသင်းတို့နှင့် ကျရောက် နေပြီး အုပ်စုပွဲများအဖြစ် ဧပြီ ၂၄ ရက်   မြန်မာစံတော်ချိန်  ည ၇ နာရီခွဲတွင် ကာဂျစ္စတန်အသင်း၊ ဧပြီ ၂၈ ရက် မြန်မာစံတော်ချိန် ည ၇  နာရီခွဲတွင်    အိန္ဒိယအသင်း တို့နှင့်     ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MFF