အာရှ၏ အငယ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သော  တီမောလက်စ်တေနိုင်ငံ သမ္မတရွေးကောက်ပွဲကျင်းပ

ဂျကာတာ   ဧပြီ  ၁၉ 

အာရှ၏ အငယ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သော တီမော လက်စ်တေသည် ဧပြီ ၁၉ ရက်က ဒုတိယနှင့် နောက် ဆုံးအကျော့ သမ္မတရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ သမ္မတရွေးကောက်ပွဲတွင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဂျို့စ်ရာမော့စ်ဟော်တာနှင့်    လက်ရှိသမ္မတ ဖရန်စစ္စကို ဂူတားရက်စ်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း ပြည်တွင်း သတင်းဖော်ပြချက်များအရ သိရသည်။ 

လတ်တလောတွင် လူဦးရေ  ၁  ဒသမ ၃ သန်း ရှိသော  နိုင်ငံတစ်နိုင်ငံဖြစ်သည့် တီမောလက်စ်တေ တွင် မဲဆန္ဒရှင် ၈၆၀၀၀၀  မဲပေးခဲ့ကြသည်။ 

လွန်ခဲ့သောလ ပထမအကျော့ ဆန္ဒမဲခံယူပွဲတွင် ရာမော့စ်ဟော်တာသည် ထောက်ခံမဲ ၄၆ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထောက်ခံမဲ ၂၂ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိသော   ဂူတားရက်စ်ကို   ကျော်လွန်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က   ထုတ်ပြန်လိုက်သော သတင်းအချက်အလက်များအရ သိရသည်။ 
ရာမော့စ်ဟော်တာသည်     တီမောလက်စ်တေ တည်ထောင်သူဖခင်များထဲမှ တစ်ဦးဖြစ်ပြီး သမ္မတ ဟောင်းတစ်ဦးလည်းဖြစ်ကာ    တီမောပြန်လည် တည်ဆောက်ရေးပါတီ၏    ထောက်ခံမှုကိုလည်း ရရှိထားသူဖြစ်သည်။ ဂူတားရက်စ်ကိုလည်း တီမောအရှေ့အလယ်ပိုင်းလွတ်လပ်ရေးပါတီက ထောက်ခံ ပေးထားသည်။ ဆန္ဒမဲရေတွက်မှုများသည် ရက်အနည်းငယ်ကြာမြင့်ဦးမည်ဖြစ်သည်။ 
                       
 ဆင်ဟွာ