အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ထိုင်းနိုင်ငံသို့ထွက်ခွာ

၂၅ အောက်တိုဘာ

အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ ကျင်းပမည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်သည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ -ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်-ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြ-ဒေါ်စန်းစန်းမော်၊ ဒေါ်စန်းယုနိုင်၊ ဒေါ်မေသူထွန်း၊ ဂိုးနည်းပြ-ဦးကိုကိုအောင်၊ ကြံ့ခိုင်ရေးနည်းပြ-ဟွမ်ရိုမန်၊ အားကစားသမားများအဖြစ်  ဂိုး-ဇူးလတ်နဒီ၊ ခင်မြတ်မိုး၊ ကြည်ပြာလင်း၊ နောက် တန်း-ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ အိအိကျော်၊ နှင်းမြသဇင်၊ မိုးမမစိုး၊ဖြူဖြူဝင်း၊ အလယ်တန်း-လင်းမြင့် မိုရ်၊ မေဖူးကို၊ ဘွဲ့လျန်ကိန်း၊ မိုးမိုးသန်း၊ မေထက်လူ၊ နော်ထက်ထက်ဝေ၊ နွယ်နီဝင်း၊ ပုံ့ပုံ့ပြည့်မောင်၊ ဝင်းဝင်း၊ သဇင်အောင်၊ ရှေ့တန်း-မြတ်နိုးခင်၊ စန်းသော်သော်၊ ဆွေမာအောင်၊ အေးမြတ်ခိုင်တို့ လိုက်ပါသွားသည်။ ယင်းပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် ထိုင်း၊ မြောက်ကိုရီးယား၊ သြစတြေးလျ၊ ဗီယက်နမ်၊ အုပ်စု (ခ) တွင် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် မြန်မာအသင်းတို့ ပါဝင်နေသည်။

မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် အောက်တိုဘာ ၂၈ ရက်တွင် လက်ရှိချန်ပီယံ ဂျပန်အသင်း၊ အောက်တိုဘာ ၃၁ ရက်တွင် တရုတ်အသင်း၊ နိုဝင်ဘာ ၃ ရက်တွင် တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-MFF