အာဖရိကတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၁ ဒသမ ၃၄ သန်းကျော်ရှိလာ

ဧပြီ ၄

 

အာဖရိကတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၁၃၄၃၄၆၁ ဦးအထိ ရှိလာကြောင်း ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ (အာဖရိကစီဒီစီ)က ပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၂၅၁၂၉၇ ဦးရှိပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၁၀၆၉၇၅၀၂ ဦးအထိ ရှိသည်။

 

အဆိုပါတိုက်ရှိနိုင်ငံများအနက် တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှား၊ အီဂျစ်နှင့် လစ်ဗျားနိုင်ငံတို့တွင် ကိုဗစ်ကူးစက်မှုအများဆုံးဖြစ်သည်ဟု အာဖရိကစီဒီစီက ဆိုသည်။

 

 အာဖရိကတောင်ပိုင်းတွင် ကိုဗစ်ရောဂါကူးစက်ခံရမှုအများဆုံးဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၇၂၂၀၆၅ ဦးရှိသည်။

 

ထိုရောဂါကူးစက်မှုတွင် အာဖရိကတောင်ပိုင်းသည် ရောဂါကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး အာဖရိက အလယ်ပိုင်းသည် ကိုဗစ်ရောဂါကူးစက်မှုအနည်းဆုံးဖြစ်သည်ဟု အာဖရိကစီဒီစီက ဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို