အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁၁ ဒသမ ၃၇ သန်းကျော်ရှိလာ

ဧပြီ ၁၈

 

အာဖရိကတိုက်တွင် ယမန်နေ့ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၁၁၃၇၈၄၂၃ ဦးအထိ ရှိလာကြောင်း ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ (အာဖရိကစီဒီစီ)က ပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၂၅၁၇၅၆ ဦးအထိ ရှိလာသည်ဟု အာဖရိကသမဂ္ဂ၏ အထူးကျန်းမာရေးစောင့်ရှောက်မှုအေဂျင်စီက ဆိုသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူဦးရေမှာ ယမန်နေ့ကအထိ ၁၀၇၄၉၉၃၀ ရှိသည်ဟု သိရသည်။

 

အာဖရိကတိုက်တွင် တောင်အာဖရိကသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအများဆုံးဖြစ်ပြီး ရောဂါကူးစက်ဖြစ်ပွားသူ ၃၇၄၀၃၉၈ ဦး ရှိသည်။

 

မြောက်အာဖရိကနိုင်ငံများဖြစ်သည့် မော်ရိုကိုနှင့်တူနီးရှားနိုင်ငံတို့တွင် ကိုဗစ်ကူးစက်ခံရသူဦးရေ ၁၁၆၄၃၄၅ ဦးနှင့် ၁၀၃၈၆၆၈ ဦးတို့ အသီးသီးတွေ့ရှိခဲ့ကြသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို