အာဖရိကတိုက်၌ ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၁ ဒသမ ၃၂ သန်းကျော်ရှိလာ

အဒစ်အဘာဘာ မတ်  ၂၉

 

အာဖရိကတိုက်၌ မတ် ၂၇ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၁၃၂၂၈၈၇ ဦးရှိလာကြောင်း အာဖရိက ရောဂါ ထိန်းချုပ်ရေးနှင့်  ကာကွယ်ရေး စင်တာက ပြောကြားသည်။

 

အာဖရိက ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ လက်ရှိတွင် အာဖရိကတိုက်  တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံး သူပေါင်း ၂၅၀၉၄၂  ဦးရှိလာကြောင်းနှင့်  အဆိုပါ  ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၀၆၃၀၀၇၁ ဦးရှိလာကြောင်း သိရသည်။

 

တောင်အာဖရိက နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ပေါင်း ၃၇၁၂၂၆၃ ဦးရှိကြောင်း၊ မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၁၆၂၇၆၄ ဦးရှိကြောင်းနှင့် တူနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ပေါင်း ၁၀၃၃၇၆၂ ဦးရှိကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။

 

အာဖရိကတိုက်၌ အာဖရိက တောင်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ဒုတိယအများဆုံး ဒေသများဖြစ်ကာ အာဖရိကအလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အနည်းဆုံး ဒေသဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်