အာဖရိက၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂ ဒသမ ၁၃ သန်းကျော်အထိရှိလာ

အဒစ်အဘာဘာ   ၃၀  နိုဝင်ဘာ

အာဖရိကနိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂ ဒသမ ၁၃ သန်းကျော်အထိ ရှိလာခဲ့ကြောင်း အာဖရိကကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဗဟိုက ယမန်နေ့တွင် ပြောကြားခဲ့သည်။

ထို့ပြင် အာဖရိကတစ်ဝန်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ဆက်နွယ်သည့် သေဆုံးသူအရေအတွက်မှာလည်း ယမန်နေ့ မွန်းလွဲပိုင်းအထိ ၅၁၂၄၈ ဦးအထိ ရှိခဲ့ကြောင်း အာဖရိက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုကကြေညာ ချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် အာဖရိက၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး နောက်ပြန်လည်ကျန်းမာလာသူအရေ အတွက်သည် ၁၈၀၇၅၃၁ ဦး ရှိခဲ့ကြောင်း အဆိုပါ အာဖရိကကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုက ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု အများ ဆုံး အာဖရိကနိုင်ငံများမှာ တောင်အာဖရိက၊ မော်ရိုကို၊ အီဂျစ်နှင့် အီသီယိုးပီးယား နိုင်ငံတို့ဖြစ်ကြောင်း အာဖရိက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုက ဖော်ပြခဲ့သည့် အချက်အလက်များအရ သိရ သည်။

ကိုးကား - စီဂျီတီအင်န်

ဘာသာပြန်-အလင်းသစ်