အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန် စစ်လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွား

၂၈ ဇန်နဝါရီ

 

အာဖဂန်နစ္စတန်နိုင်ငံတွင် ယမန်နေ့အစောပိုင်းက အမေရိကန်လေတပ်မှလေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း အမေရိကန်စစ်တပ်က ယမန်နေ့က အတည်ပြု ပြောကြားခဲ့သည်။

 

စစ်မြေပြင် ဆက်သွယ်ရေးသုံး အီး -၁၁ အေ အမျိုးအစား ထောက်လှမ်းရေး လေယာဉ်သည် တာလီဘန်တို့ ထိန်းချုပ်ထားရာ အာဖဂန်နစ္စတန်နိုင်ငံတွင် ပျက်ကျသွားခဲ့ကြောင်း အမေရိကန်လေတပ် တပ်ဖွဲ့ အကြီးအကဲ ဒေးဗစ် ဂိုးဖိန်၏ ပြောကြားချက်အရ သိရသည်။

 

အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော ဝီလီယံ လီဂတ် က ထိုလေယာဉ်ပျက်ကျမှုကို အတည်ပြုပြောကြားခဲ့သည်။

 

6

 

အဆိုပါ လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

၎င်းလေယာဉ်ပျက်ကျမှုတွင် ရန်သူ၏ ပစ်ခတ်မှုကြောင့် ပျက်ကျသည့် အထောက်အထားမတွေ့ရကြောင်း  လီဂတ်က တွစ်တာတွင် ရေးသားဖော်ပြထားသည်။

 

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇီပြည်နယ်တွင် ယမန်နေ့အစောပိုင်းက အမေရိကန်လေတပ်မှ လေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့သည်ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလရှ် မူဂျာဟစ် ၏ ပြောကြားချက်အရ သိရသည်။

 

+6

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို