အာဖဂန်နစ္စတန်နိုင်ငံ၌ မြေပြိုမှုဖြစ်ပွားသဖြင့် ခုနစ်ဦးသေဆုံး

ဧပြီ ၄

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း Ghor ပြည်နယ် အစွန်အဖျားဒေသတွင် မြေပြိုမှုဖြစ်ပွားခဲ့ရာ မိသားစုဝင်ခုနစ်ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် Bakhtar သတင်းအေဂျင်စီက ယမန်နေ့ကဖော်ပြထားသည်။ အဆိုပါမတော်တဆမှုသည် Ghor ပြည်နယ် ချာဟာဆာဒါခရိုင်ရှိ တောင်ထူထပ်သော Khuranj ကျေးရွာတွင် ဧပြီ ၂ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတာဝန်ရှိသူများ၏ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။ အာဖဂန်နစ္စတန်နိုင်ငံ၏နေရာအများအပြားတွင် ဧပြီ ၁ ရက်နေ့မှစတင်ကာ နှင်းများကျဆင်းပြီး မိုးများရွာသွန်းခဲ့သည်။ အာဖဂန်မိုးလေဝသဌာနက နှင်းကျဆင်းမှုနှင့် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနိုင်သည်ဟု ကြိုတင်ခန့်မှန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို