အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွား တာလီဘန်တပ်မှူးနှစ်ဦး သေဆုံး

၂၉ ဇန်နဝါရီ

 

အာဖဂန်တပ်ဖွဲ့က အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ် ဇာဝယ်လ် ခရိုင်ရှိ တာလီဘန်တို့ ပုန်းအောင်းရာနေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ တာလီဘန်တပ်မှူးနှစ်ဦး သေဆုံးကြောင်း အတည်ပြုခဲ့သည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ ဂျီလန်နီ ဖာဟတ် က ယနေ့ ပြောကြားခဲ့သည်။

 

ထိုတာဝန်ရှိသူ၏ ထောက်လှမ်းရေးသတင်း ပေးပို့ချက်အရ ယမန်နေ့ညနှောင်းပိုင်းက ဇောအယ်လ်ခရိုင်ရှိ တာလီဘန်တို့ ပုန်းအောင်းရာနေရာကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် နာမည်ဆိုးရှိသော တာလီဘန်တပ်မှူးနှစ်ဦး ယင်းနေရာမှာပင် သေဆုံးသွားခဲ့သည်ဟု သိရသည်။

 

8

 

အဆိုပါ တိုက်ခိုက်မှုတွင် သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ တပ်မှူး မူလာရှ်နိအလစ်အဒ်ရစ် ဖြစ်ကြောင်းနှင့် ယင်းတိုက်ပွဲတွင် တပ်မှူးများ ကျဆုံးခြင်းသည် ဟီရတ်ပြည်နယ်နှင့် ၎င်းအနီးတစ်ဝိုက်ရှိ တာလီဘန်များကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

 

တာလီဘန်တို့ဘက်ကမူ ယခုထိ မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို