အာဖဂန်နစ္စတန်လူဦးရေ၏ ၈၀ ရာခိုင်နှုန်းနီးပါး  သောက်သုံးရေ ပြတ်လပ်မှုဖြင့်ရင်ဆိုင်နေရ

 

ကဘူးလ် မတ် ၂၅

အာဖဂန်နစ္စတန်နိုင်ငံလူဦးရေ၏ ၇၉ ရာခိုင်နှုန်းခန့်သည် သောက်သုံးရေပြတ်လပ်မှုဖြင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ အစီရင်ခံစာတစ်ရပ်အရ သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ မိုးခေါင်ရေရှားမှု အခြေအနေများ၊ စီးပွားရေး မတည်ငြိမ်မှုများနှင့် ကာလရှည်ကြာဖြစ်ပွားသော ပဋိပက္ခများ၏ ဆိုးရွားသော အကျိုးသက်ရောက်မှုများသည် အာဖဂန်နစ္စတန်၏ ရေအခြေခံအဆောက်အအုံများ တည်ဆောက်နိုင်မှုသည်လည်း သိသိသာသာ လျော့ကျသွားကြောင်း မတ် ၂၃ ရက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

အဆိုပါ အကျပ်အတည်းသည် အမျိုးသမီးဦးစီးသည့် အိမ်ထောင်စုများတွင် အချိုးမညီမျှစွာ သက် ရောက်မှုများရှိနေပြီး ရေရရှိရေး အထောက်အကူပြု ပစ္စည်းများကိုသုံးစွဲရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံသည် လက်ရှိတွင်လည်း ပိုမိုဆိုးရွားသော မိုးခေါင်မှုနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။ အာဖဂန်နစ္စတန်နိုင်ငံအစိုးရသည် ဆည်ငယ်များ၊ ရေပေးဝေရေး ကွန်ရက်များနှင့် မြေအောက်ရေကို ပိုမိုကောင်းမွန်အောင် သိုလှောင်ရန်အတွက် နိုင်ငံတစ်ဝန်းတွင် ရေပေးဝေရေး ကွန်ရက်များနှင့် ရေမြောင်းများကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်