အာခါအမျိုးသားစာပေနှင့်ယဉ်ကျေးမှုသင်တန်း ကျိုင်းတုံမြို့၌ ဖွင့်

ကျိုင်းတုံ ၂၈  ဧပြီ 

 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့အမှတ် (၁) ရပ်ကွက်စံပြအာခါယက္ကန်းစင်ကျောင်း၌အာခါအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ အာခါအမျိုးသားစာပေနှင့်ယဉ်ကျေးမှုသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။ 

 

အဆိုပါ သင်တန်းကို ဧပြီ ၂၈ ရက်မှ မေ ၁၅ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းခတ်၊ မြို့နယ်များမှ သင်တန်းသားအမျိုးသား (၄၇)ဦး၊ အမျိုးသမီး (၆၉)ဦး စုစုပေါင်း(၁၁၆)ဦး တက်ရောက် ကြသည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဦးသောင်းကျော်(ဥက္ကဋ္ဌ-အာခါအမျိုးသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ)၊ ဦးအားချေး(စာပေဦးစီးကော်မတီ)၊ဦးလော်ဖူ(မိုင်းလားကိုယ်စား)၊ဦးလော်တာ(တာချီလိတ်ကိုယ်စား)၊ဦးအားဂျို့(ကျိုင်းတုံကိုယ်စား)၊ဦးအားဖါရီ(မိုင်းဆတ်ကိုယ်စား)၊ဦးမင်းညို(နာယက)တို့ မိတ်ဆက်စကားပြောကြား ခဲ့ကြောင်းသိရသည်။

 

ခရိုင်ပြန်ဆက်