အာကာသစခန်းတည်ဆောက်ရန် ပထမဆုံးလူလိုက်ပါအာကာသယာဉ် တရုတ်နိုင်ငံ လွှတ်တင်

ဇွန် ၁၇

 

တရုတ်နိုင်ငံတွင် လူလိုက်ပါအာကာယာဉ် Shenzhou-12 ကို ဇွန် ၁၇ ရက်မနက်ပိုင်းက  အောင်မြင်စွာလွှတ်တင်ခဲ့သည်။

 

ထိုအာကာသယာဉ်တွင်လိုက်ပါသွားသည့် အာကာသယာဉ်မှူး သုံးဦးသည် အာကာသစခန်း Tianhe တွင် သုံးလကြာ နေထိုင်ကြမည်ဟု ဖော်ပြထားသည်။

 

ယင်းလွှတ်တင်မှုသည် အာကာသစခန်းတည်ဆောက်ရန်အတွက် ပထမဆုံးအကြိမ် လွှတ်တင်ခြင်း ဖြစ်သည်။

 

အဆိုပါ လူလိုက်ပါအာကာသယာဉ်လွှတ်တင်မှုသည် တရုတ်နိုင်ငံ၏ ခုနစ်ကြိမ်မြောက် လူလိုက်ပါ အာကာသယာဉ် လွှတ်တင်မှု ဖြစ်သည်။

 

လူလိုက်ပါအာကာသယာဉ် နောက်ဆုံးအကြိမ် လွှတ်တင်ပြီး ငါးနှစ်နီးပါးခန့်အကြာတွင် ထပ်မံလွှတ်တင်ခြင်းလည်း ဖြစ်သည်။

 

ထိုအာကာသယာဉ်ကို Long March-2F သယ်ဆောင်ရေးဒုံးပျံဖြင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂိုဘီသဲကန္တာရရှိ Jiuquan ဂြိုဟ်တုလွှတ်တင်ရေးစင်တာက လွှတ်တင်ပေးခဲ့သည်ဟု တရုတ်နိုင်ငံလူလိုက်ပါအာကာသယာဉ် အေဂျင်စီ (CMSA)၏ ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို