ဒေးဒရဲ ၁၂ ဇူလိုင်
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အလယ်တန်း အဆင့် ပုံတူပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်က ပြိုင်ပွဲကျင်းပပေးရခြင်း ရည်ရွယ်ချက်များနှင့် အမှတ်ပေး စည်းကမ်းများအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ ပြိုင်ပွဲသို့ အမှတ်(၁)၊ အမှတ်(၂)နှင့် မြို့မ အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ (၁၈)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိသူများအား ဇူလိုင် (၁၇)ရက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


