အာဆင်နယ်နောက်ခံလူ ကီရန်တီယာနေးကို ပေါင်သန်း ၅ဝ ဖြင့် ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်း ပြင်ဆင်လျက်ရှိ

စပိန်လာလီဂါရဲ့ ထိပ်တန်းအဆင့်ရှိအသင်းတစ်သင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ် အသင်းဟာ ပရီမီယာလိဂ် ကလပ် အာဆင်နယ်အသင်းရဲ့ နောက်တန်းကစားသမား ကီရန်တီယာနေးကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။

နောက်တန်းကစားသမား ကီရန်တီယာနေးဟာ စကော့တလန်အသင်းနဲ့ ပိုလန်အသင်းတို့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲစဉ်မှာ စကော့တလန်အသင်းအတွက် ပထမဆုံး သွင်းဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်နည်းပြ အန်စလော့တီဟာ နောက်တန်းကစားသမား ကီရန်တီယားကို ခေါ်ယူဖို့ ပြင်ဆင်နေတာကြာခဲ့ပြီဖြစ်ပြီး နာပိုလီအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းကလည်း ကီရန်တီယာနေးကို ဆဲလ်တစ်အသင်းမှာ ရှိနေစဉ်ကတည်းက ခေါ်ယူဖို့ ပထမဆုံး ကြိုးပမ်းခဲ့ဖူး တာဖြစ်ပါတယ်။

ဒါပေမဲ့ ကီရန်တီယာနေးဟာ အာဆင်နယ် အသင်းဆီကို ပြောင်းရွှေ့ကြေးပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့ သွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ နည်းပြ အန်စလော့တီအနေနဲ့ နောက်တန်းကစားသမား ကီရန်တီယာနေးကို ရီးယဲလ်မက်ဒရစ်အသင်းဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး ရီးယဲလ်မက်ဒရစ် အသင်းရဲ့ လာလီဂါပြိုင်ဘက် ဘာစီလိုနာအသင်းကလည်း ကီရန်တီယာနေးကို ခေါ်ယူဖို့ ပစ်မှတ် ထားတယ်လို့ သိရပါတယ်။

နောက်တန်းကစားသမား ကီရန်တီယာနေးဟာ ဆဲလ်တစ်အသင်းနဲ့အတူ ဆုဖလားသုံးကြိမ် ရယူနိုင်ခဲ့သူ ဖြစ်တဲ့အပြင် လက်ရှိကလပ် အာဆင်နယ်အသင်းမှာလည်း အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ တာကြောင့် အာဆင်နယ်အသင်းနည်းပြ အာတီတာအနေနဲ့ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ပင် စီစဉ်နေတယ်လို့သိရပါတယ်။

ငွေကြယ်