အာဆီယံ ဖူဆယ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာနှင့် အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ် တွေ့ဆုံ

၂၃ အောက်တိုဘာ

၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲကို ယနေ့နံနက်ပိုင်းမှစ၍ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပရာ မြန်မာအသင်း အုပ်စုဒုတိယရပြီး ဆီမီးဖိုင်နယ်တွင် အင်ဒိုနီးရှားနှင့် တွေ့ဆုံခဲ့သည်။


အုပ်စုနောက်ဆုံးနေ့တွင် အုပ်စု (က) ၌ မြန်မာအသင်းက ထိုင်းအသင်းကို ကိုးဂိုး-ဂိုးမရှိဖြင့် ရှုံးနှိမ့်ပြီး ကမ္ဘောဒီးယားနှင့် တီမောအသင်းတို့ လေးဂိုးစီသရေကျခဲ့သည်။ အုပ်စု (ခ) တွင် အင်ဒိုနီးရှားအသင်းက သြစတြေးလျအသင်းကို ရှစ်ဂိုး-သုံးဂိုး၊ ဗီယက်နမ်အသင်းက မလေးရှားအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

 

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် ကမ္ဘာ့အဆင့်ရှိသည့် ထိုင်းအသင်းကို အကောင်းဆုံးတုံ့ပြန်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ပေးဂိုးများသွားသောကြောင့် ဂိုးပြတ်သွားခြင်းဖြစ်သည်။ ပထမပိုင်းတွင် တစ်ဂိုးသာပေးခဲ့ရပြီး ဒုတိယပိုင်းမှ ရှစ်ဂိုးအထိ ပေးခဲ့ရခြင်းဖြစ်သည်။ အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု (က) ၌ ထိုင်းအသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ မြန်မာအသင်းက ခြောက်မှတ်ဖြင့် အုပ်စု ဒုတိယ၊ အုပ်စု (ခ) ၌ အင်ဒိုနီးရှားနှင့် ဗီယက်နမ်အသင်းတို့ ခုနစ်မှတ်စီ တူညီသော်လည်း ဂိုးကွာခြားချက်ဖြင့် အင်ဒိုနီးရှားအသင်းက အုပ်စုပထမ၊ ဗီယက်နမ်အသင်းက အုပ်စုဒုတိယရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။


ဆီမီးဖိုင်နယ်ကို အောက်တိုဘာ ၂၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အင်ဒိုနီးရှားနှင့် မြန်မာအသင်း၊ ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-MFF