အာဆီယံ နိုင်ငံခေါင်းဆောင်များ လုပ်ငန်းတာဝန်များဖြင့် မအားမလပ်ဖြစ်နေ

၁၃ နိုဝင်ဘာ

 

စင်ကာပူ နိုင်ငံတွင် ရောက်ရှိနေကြသော ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များသည် လုံခြုံရေးနှင့် ကုန်သွယ်ရေးအပေါ် ဆွေးနွေးချက်များ၊ အခြားတင်ပြချက်များနှင့် ထိပ်သီး အစည်းအဝေးပွဲများ  စီစဉ်ထားကြကြောင်း သိရသည်။

 

အာဆီယံ နိုင်ငံခေါင်းဆောင်များသည်  လေယာဉ်ဖြင့် ရောက်ရှိလာကြပြီး ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ တရုတ်ဝန်ကြီးချုပ် လီကီချန်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန် ဒုတိယသမ္မတ မိုက်ပန်စီ တို့လည်း လာရောက်မည်ဖြစ်ကြောင်း သတင်းဖော်ပြထားသည်။

 

 

အာဆီယံ ၁၀ နိုင်ငံ ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကို ယနေ့ ပြုလုပ်ခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ်ပြင်ရှိ တရုတ်စစ်အင်အား ကြီးထွားလာနေမှုကို ပါဝင်ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ဗုဒ္ဓဟူးနေ့တွင် အာရှ-ပစိဖိတ် ၁၆ နိုင်ငံမှ တာဝန်ရှိသူများက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်အသစ် ပါဝင်သည့် စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းမည် ဖြစ်ကြောင်း သိရသည်။

 

ကြာသပတေးနေ့တွင် အရှေ့အာရှ ထိပ်သီးအစည်းအဝေး အတွက် ၁၈ နိုင်ငံမှ ခေါင်းဆောင်များ ဆွေးနွေးပြောဆိုကြမည်ဖြစ်ပြီး ဒေသတွင်းလုံခြုံရေး အကြောင်းအရာ ခေါင်းစဉ်ဖြင့်  ဆွေးနွေးကြဖွယ် ရှိသည်ဟု ဖော်ပြထားသည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို