(၉)ကြိမ်မြောက် နိုင်ငံတကာ တက္ကသိုလ် ကျောင်းပေါင်းစုံ အခမဲ့ပညာရေး ဆွေးနွေးပွဲ ကျင်းပမည်

တောင်ကြီး ၈ ဇွန် 

 

နိုင်ငံခြား တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်၍ နိုင်ငံတကာ ပညာရေး ဝန်ဆောင်မှု အတိုင်အပင်ခံ နယ်ပယ်တွင် (၁၀)နှစ်ကျော် သက်တမ်းရှိသော Myanmar Search International (MSI) Overseas Education နိုင်ငံခြား ပညာရေး ဝန်ဆောင်မှုနှင့် ဆွစ်ဇာလန်၊ စပိန်၊ ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျ၊ စင်ကာပူ၊ ထိုင်းနှင့်မလေးရှား အစရှိသည့် နိုင်ငံကြီးများမှ တက္ကသိုလ်များ စုပေါင်းကျင်းပမည့် (၉) ကြိမ်မြောက် နိုင်ငံတကာ တက္ကသိုလ်ကျောင်းပေါင်းစုံ အခမဲ့ပညာရေး ဆွေးနွေးပွဲကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် (၃)ရက်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

ပညာရေးပြပွဲကြီး၌ မြန်မာနိုင်ငံမှ (၉)တန်းအောင်၊ (၁၀)တန်းအောင်၊ HND (UK)၊ LCCI (UK)၊ OGCSE၊ GCE 'O' Level၊ အစိုးရတက္ကသိုလ် ကျောင်းသား/သူများ၊ ပုဂ္ဂလိက သင်တန်းကျောင်းများနှင့် International School မှ ကျောင်းသား / သူများ၊ နိုင်ငံခြားပညာရေးကို စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ လွတ်လပ် ပွင့်လင်းစွာ လာရောက်ဆွေးနွေးနိုင်ကြောင်းနှင့် ပွဲရက်များကို ရန်ကုန်မြို့တွင် ဇွန်လ (၂၂)ရက် Sule Shangri La (ပဲခူးခန်းမ)၌ နံနက် (၁၀)နာရီမှ မွန်းလွဲ (၁)နာရီထိ၊ မန္တလေးမြို့တွင် ဇွန်လ(၂၃)ရက်နေ့ Mandalay Hill Resort Hotel (Ballroom)ခန်းမ၌ မွန်းလွဲ (၁)နာရီမှ ညနေ(၄)နာရီထိ၊ တောင်ကြီးမြို့တွင် ဇွန်လ (၂၄)ရက် Royal Star Hotel (Royal Hall)ခန်းမတွင် မွန်းလွဲ(၁)နာရီမှ ညနေ (၄)နာရီထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်သန်း (တောင်ကြီး)