(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

အထက်မင်းလှ ၄ နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင် မင်းလှမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ် ဆရာကြီး ဦးထွန်းလင်းက အမှာစကားပြောကြားပြီး အလယ်တန်းပြဆရာမ ဒေါ်အေးအေးမာက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

 

အဆိုပါ ဟောပြောပွဲသို့ မင်းလှမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ၁၅၀ဝ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)