(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲ‌‌နေ့ အထိမ်းအမှတ် မူလတန်းအဆင့် စိတ်ကြိုက်ပုံပြင်ပြောပြိုင်ပွဲနှင့် ပုံတူဆွဲပြိုင်ပွဲ နမ္မတူမြို့နယ် ကလေးစာဖတ်ခန်း၌ ကျင်းပ

နမ္မတူ ၁၈ နိုဝင်ဘာ

(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် စိတ်ကြိုက်ပုံပြင်ပြောပြိုင်ပွဲနှင့် ပုံတူဆွဲပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊        နမ္မတူမြို့နယ်ရုံးရှိ   ကလေးစာဖတ်ခန်း၌ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် စိတ်ကြိုက်ပုံပြင်ပြောပြိုင်ပွဲနှင့် ပုံတူဆွဲပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း‌ပြောကြားခဲ့သည်။

ဆက်လက်၍ “အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ် မူလတန်းအဆင့် စိတ်ကြိုက်ပုံပြင်ပြောပြိုင်ပွဲနှင့် ပုံတူဆွဲပြိုင်ပွဲအား ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

၎င်းနောက် ပြိုင်ပွဲအသီးသီးတွင် ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများအား ဒေါ်ခိုင်ဇာထွန်း (မြို့နယ်ဦးစီးမှူး)နှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)