(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား  ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၇
    
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာန ပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့ နံနက်၉နာရီမှ စတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပသည်။

အဆိုပါ ဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ ဝင်များဖြစ်ကြသော ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ် များနှင့် အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ နှင့် အားကစားဝါ သနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဘော်လီဘော(အမျိုးသမီး)ပွဲစဉ်အဖြစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန အသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော (အမျိုးသား) ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲ၊ (၁)ပွဲ ဖြင့် လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။
    
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နေရာအလိုက် အကောင်းဆုံး အမျိုးသမီးအားကစားသမားဆုရရှိကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံးအမျိုးသားအားကစားသမားဆု ရရှိကြသူများကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကလည်းကောင်း တစ်ဦးချင်းဆု တံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြပြီး ဘော်လီဘောအမျိုးသမီးပြိုင်ပွဲတွင် စတုတ္ထ ဆုရရှိသော နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ ဘော်လီဘောအမျိုးသားပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်းကလည်းကောင်း ဂုဏ်ပြုဆုငွေ ကျပ်(၁၀)သိန်းစီ ပေးအပ်ချီးမြှင့်သည်။
    
ဆက်လက်၍ ဘော်လီဘောအမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာန အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးက တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ ကျပ်(၁၅)သိန်းကို လည်းကောင်း၊ ဒုတိယဆုရရှိသော အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က တစ်ဦး ချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၂၀)ကိုလည်းကောင်း၊ ပထမဆုရရှိသော ကာကွယ်ရေး ဝန်ကြီး ဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က တစ်ဦးချင်း ဆုတံ ဆိပ်၊ ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၃၀)နှင့် ဆုဖလားကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။
    
ထို့နောက် ဘော်လီဘောအမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသော အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က တစ်ဦးချင်း ဆုတံဆိပ် နှင့် ဂုဏ်ပြုဆုငွေ ကျပ်(၁၅)သိန်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်းဟာက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ ကျပ် သိန်း(၂၀)ကိုလည်းကောင်း၊ ပထမဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံ အုပ်ချုပ် ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးက တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၃၀)နှင့် ဆုဖလားကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။ 
    
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို ဒီဇင်ဘာ (၁၄)ရက်မှ (၂၇)ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပရာ ဝန်ကြီးဌာနအသီးသီးမှ ပြိုင်ပွဲ ဝင် အမျိုးသားအသင်း(၂၀) ၊ အမျိုးသမီးအသင်း(၉)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြင့်မားလာစေရန်နှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲမှတဆင့် နိုင်ငံ့ ဂုဏ်ဆောင်နိုင် သည့် ဘော်လီဘောအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပ ရခြင်းဖြစ် ကြောင်း သိရသည်။ 

(သတင်းစဉ်)