(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနဆိုင်ရာဝန်ထမ်းများ ထုပ်ဆီးတိုးအားကစားပြိုင်ပွဲ ကျင်းပ

ရေနံချောင်း ၃ ဇန်နဝါရီ

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၂) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  ဌာနဆိုင်ရာဝန်ထမ်းများ ထုပ်ဆီးတိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့က ရေနံချောင်းမြို့ အထက()‌ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ ထုပ်ဆီးတိုးအားကစားပြိုင်ပွဲကို နံနက် ၇ နာရီမှ စတင်၍ ရေနံချောင်းမြို့နယ် မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းအမျိုးသမီး အသင်း(၆)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမဆုကို အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနက လည်းကောင်း၊ ဒုတိယဆုကို အခြေခံပညာဉီးစီးဌာနက လည်းကောင်း ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

အားကစားပြိုင်ပွဲများကျင်းပနေစဉ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်ပညာရေးမှူး ဒေါ်စောသန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ညနေ ၅ နာရီတွင် ဆုရအသင်းများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ကိုစိုးကြီး