(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသားဘော်လီဘောပြိုင်ပွဲ ကျင်းပ

ကလိန်အောင် ၃ ဇန်နဝါရီ 

 

၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားဘောလီဘောပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းမှစ၍ အမှတ်(၁)ရပ်ကွက် အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

အဆိုပါ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး လေးသင်းတစ်အုပ်စုဖြင့် အုပ်စုနှစ်စုခွဲကာ ယှဉ်ပြိုင်၍ ပထမ၊ ဒုတိယနှင့် တတိယဆုရ အသင်းများကို  လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

 

ဒေါ်မိုးမိုးခိုင် 

ကလိန်အောင်(ပြန်/ဆက်)