(၇၁)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ နယ်လှည့်ဟောပြောပွဲနှင့် စာအုပ်စာစောင်များ လှူဒါန်း

ကျောင်းသား/ကျောင်းသူများ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံကို သိရှိလာစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဗျားရယ်နှင့် ဝန်ထမ်းများသည် ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီက ဆီဆိုင်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ (၇၁)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ နယ်လှည့်ဟောပြောပွဲနှင့် စာအုပ်စာစောင်များ လှူဒါန်းပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
 
ဟောပြောပွဲတွင် အထက(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဗျားရယ်က လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
 
 
ဆက်လက်၍ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြသည်။ 
 
 
မြို့နယ်(ပြန်/ဆက်)