(၆၂)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ၂၃  ဒီဇင်ဘာ

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၆၂)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကို ယမန်နေ့ ည နာရီက တောင်ကြီးမြို့နယ် အေးသာယာရှိ အေးသာယာဂေါက်ကွင်း၌ ကျင်းပသည်။

အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း အကျောပေး၊ အကျောမဲ့၊ အသင်းလိုက် အကျောမဲ့၊ အကျောပေး စသည်တို့ကို ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသူများနှင့် အမျိုးသမီး ဒိုင်းဆုရရှိသော တောင်ကြီး(က)အသင်း၊ အမျိုးသားအကျောပေး ဒိုင်းဆုရရှိသော တာချီလိတ်အသင်း၊ အမျိုးသား အကျောမဲ့ တံခွန်စိုက်ဒိုင်းဆုနှင့် ဆင့်ပွားဒိုင်းဆု ရရှိသော အောင်ပန်း(က)အသင်း၊ ဧည့်သည်တော်ဆု ရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)