နေပြည်တော် ဩဂုတ် ၅

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ၂၀၂၄ ခုနှစ် (၅၇)နှစ်ပြည့် အာဆီယံထူထောင်ခြင်း အထိမ်းအမှတ်အဖြစ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးအား ဩဂုတ် ၈ ရက် (ကြာသပတေးနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချသွားမည် ဖြစ်သည်။ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဩဂုတ်ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်း များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်သည်။

 

သတင်းစဉ်