(၅၃)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ကျင်းပ

ပင်လုံ ၁၇ ဇူလိုင်       

    

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ကျင်းပပြုလုပ်သည့် အစိုးရပါဠိပထမပြန် တတိယနေ့ စာမေးပွဲကို မဟာရဌာဘိသာမဂ္ဂီစေတီတော် သာသနာ့ရက္ခိတ ဗိမာန်တော်၌ ဇူလိုင်လ(၁၇)ရက် မွန်းတည့် ၁၂ နာရီက ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။

 

အစိုးရပါဠိပထမပြန် စာမေးပွဲသို့ ပင်လုံမြို့စာစစ်ဌာနမှ ဝင်ရောက် ဖြေဆိုရန်စာရင်းပေးထားသည့် သံဃာတော် အရှင်သူမြတ်များမှာ ပထမလတ်တန်း(၁၀)ပါး၊ ပထမငယ်တန်း(၃၄)ပါး၊ အခြေပြုမူလတန်း (၁၁၄)ပါး စုစုပေါင်း သံဃာတော် (၁၅၈)ပါး အနက် သံဃာတော်(၉၆)ပါးသာ ဝင်ရောက်ဖြေဆိုခဲ့ပြီး (၆၂)ပါး ပျက်ကွက်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ အစိုးရပါဠိပထမပြန် စာမေးပွဲသို့ စာစစ်ဌာနကြီးကြပ်ရေးဆရာတော်များ၊ စာဖြေသံဃာတော်အရှင်သူမြတ်များ၊ စာပွဲတော်ကျင်းပရေးကော်မတီများ၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများအား ပင်လုံမြို့ ကျန်းမာ ရေးဌာနမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေး ခြင်း၊ နှာခေါင်းစည်း Mask များတပ်ဆင်စေခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ အစိုးရပါဠိပထမပြန် စာမေးပွဲအား ဇူလိုင်လ (၁၅)ရက်နေ့မှစတင်ကျင်းပခဲ့ရာ ဇူလိုင်လ(၂၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ် ကြောင်းသိရှိရသည်။

 

နန်းမြင့်မြင့်ဆွေ(ပြန်/ဆက်၊​ပင်လုံ)