(၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား

နေပြည်တော် ၁၇ ဇူလိုင်

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၃၁)မိနစ်၊ (၁၅)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၃၆၂)မိုင် ခန့်ကွာဝေးသော  မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) မြောက်လတ္တီတွဒ် (၁၁.၆၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၄)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

Crd. မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန