(၄၁)ကြိမ်မြောက် ရှမ်းမျိုးနွယ်ဝင် ကောက်ဦးဆွမ်း စုပေါင်းကပ်လှူ ပူဇော်ပွဲ ဗန်းမော်မြို့၌ ကျင်းပ

ဗန်းမော် ၁ ဇန်နဝါရီ

 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၄၁)ကြိမ်မြောက် ရှမ်းမျိုးနွယ်ဝင် ကောက်ဦးဆွမ်း စုပေါင်းကပ်လှူ ပူဇော်ပွဲကို ယနေ့ နံနက် ၅ နာရီက ရွှေကျီးနား ရပ်ကွက်ရှိ တံခွန်တိုင် ကျောင်းတိုက် ရွှေကျီးနား ဘုရားဝင်း၌ ကျင်းပသည်။                    

                                   

ရှေးဦးစွာ နမ့်ဖားဝိသိဋ္ဌ မင်္ဂလာကျောင်းသစ် ဆရာတော် ဦးမဏ္ဍလ၊ မင်းလှ ကျောင်းဆရာတော် ဦးပဏ္ဍဝ၊ တံခွန်တိုင် ကျောင်းဆရာတော် ဦးဣန္ဒာသဖတို့အား အမှူးထား၍ မိမိတို့ လုပ်အားဖြင့် ရရှိခဲ့သော ပေါ်ဦးပေါ်ဖျား ကောက်ပဲသီးနှံ ဆန်ရေစပါး၊ ဆွမ်းဘောဇဉ် အရသာ အဖြာဖြာတို့ကို ဗန်းမော်မြို့ ဒါယကာ၊ ဒါယိကာမများ၊ ဗန်းမော်ခရိုင် အတွင်းမှ ရှမ်းမျိုးနွယ်ဝင်များက နံနက် ၅ နာရီတွင် ရွှေကျီးနား မဟာစေတီတော်နှင့် အိုက်ခေါတော် စေတီတော်တို့တွင် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခြင်းနှင့် သံဃာတော်များအား အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

ဆက်လက်၍  နံနက် ၇ နာရီတွင် ဗန်းမော်မြို့ ဒါယကာ၊ ဒါယိကာမများ၊ ဗန်းမော် ခရိုင်အတွင်းမှ ရှမ်းမျိုးနွယ်ဝင်များ၊ ဗန်းမော်ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များက ပင့်သံဃာတော် အပါး ၂ဝဝ ကျော်နှင့် သီလရှင်အပါး ၁၀ဝ ကျော်တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများကို လောင်းလှူ ပူဇော်ခဲ့ကြကာ မွန်းတည့် ၁၂ နာရီတွင် အနုမောဒနာတရား နာယူပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း ခရိုင်(ပြန်/ဆက်)မှ သိရသည်။

 

MDN