(၄၁)ကြိမ်မြောက် Queen Sirikit Cup 2019 ပြိုင်ပွဲတွင် မြန်မာလူငယ်အမျိုးသမီး ဂေါက်သီးအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်    

ရန်ကုန် ၅ မတ်

 

သြစတြေးလျနိုင်ငံ၌ မတ် ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၄၁) ကြိမ်မြောက် Queen Sirikit Cup 2019 ပြိုင်ပွဲတွင် မြန်မာလူငယ်အမျိုးသမီး ဂေါက်သီးအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

မြန်မာဂေါက်သီးရိုက်အဖွဲ့တွင် အုပ်ချုပ်သူအဖြစ် ဦးမျိုးသီဟ (တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်)၊ ကစားသမားများအဖြစ် အိန်ဂျယ်လာအောင်၊ သင်းဝေခိုင်၊ သံလွင်မိုးသက်တို့ ပါဝင်သည်။ 

 

ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ အမျိုးသမီး ဂေါက်သီးကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာအမျိုးသမီး ဂေါက်သီးရိုက်အဖွဲ့အနေဖြင့် အောင်မြင်မှုရယူနိုင်ရန်နှင့် အတွေ့အကြုံရစေရန် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ 

 

ယင်းပြိုင်ပွဲတွင် အိမ်ရှင်သြစတြေးလျအပါအဝင် အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်၊ မလေးရှား၊ တရုတ်တိုင်ပေ၊ နယူးဇီလန်၊ စင်ကာပူ၊ ဟောင်ကောင် စသည့်နိုင်ငံများ ယှဉ်ပြိုင်မည်ဖြစ်သည်။

 

သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်